Powered by Blogger.

အာဆင်နယ်အသင်းဟာ ကျွန်တော်တို့အသင်းကို အမဲဖျက်သလိုကစားနိုင်သည်ဟု Guardiola ပြော


ဂန်းနားတွေဟာ ချန်ပီယံလိဂ်မှာ ဆက်ရှင်သန်နိုင်ဖို့ ကျွန်တော်တို့အသင်းကို အမဲဖြတ်သလိုကစားသွားနိုင်တယ်လို့
ဘိုင်ယန်မြူးနစ်အသင်းရဲ့နည်းပြ Pep Guardiola က  ပြောလိုက်တာပါ။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အမြင့်ပျံအသင်းဖြစ်နေပေမယ့် ဥရောပမှာတော့ ရလဒ်ဆိုးတွေကြုံနေရတာလည်း ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အုပ်စုအဖွင့်နှစ်ပွဲကို ရှုံးနိမ့်ခဲ့တဲ့နောက်မှာ Emirates ကွင်းမှာ ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ပွဲကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။


ဘာဗေးရီးယန်းတပ်သားတွေဟာ အမြှေက်တပ်သားတွေကို ကြောက်နေမှာ မဟုတ်ဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တယ်လို့ Guardiola က ထပ်လောင်းပြောခဲ့ပါတယ်။ သူက " သူတို့မှာ နိုင်ဖို့ အခွင့်အရေးတွေများစွာ ရှိနေပါတယ်။ ကျွန်တော်ကတော့ အသင်းရဲ့ အခြေအနေကို အားရပါတယ်။ ဒါပေမယ့် ကျွန်တော်စိတ်ကူးကြည့်ရမယ်ဆိုရင် ကျွန်တော်တို့ အသင်းသားတွေဟာ သားရဲတွေနဲ့ ကြုံတွေ့ရသလို အခြေအနေမျိုးဖြစ်နေလိမ့်မယ် "



 " သူတို့ဟာ အိမ်ကွင်းအားနဲ့ ဖိလာမှာပါ။ ကျွန်တော်တို့ကတော့ သူတို့ကို နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကစားကြည့်ရပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ၁၂ မှတ်ရမှ အုပ်စုတက်မှာပါ။ အခုထက်ထိတော့ အုပ်စုက တက်ပြီလို့ ပြောလို့ မရသေးပါဘူး။ဥရောပအကောင်းဆုံး အသင်းတွေထဲက တစ်သင်းကို ယှဉ်ပြိုင်ရတော့မယ် " လို့ Guardiola  ကပြောပါတယ်။ ဒါကြောင့် ဒီနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ်ရဲ့ အာဆင်နယ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကတော့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ ဘောလုံးရသတွေကို ပေးစွမ်းနေအုံးမှာပါ။



(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment