Powered by Blogger.

မန်ယူအသင်းအတွက် Mata သူရဲကောင်းဖြစ်ခဲ့တဲ့ည




မနေ့ညက ကစားခဲ့တဲ့ ဝုလ်လ်ဖတ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ Juan Mata ဟာ မန်ယူအသင်းအတွက်  အထူးခြေစွမ်းပြကစားခဲ့ပါတယ်။

အဲ့ပွဲမှာ Mata ဟာ ချယ်လ်ဆီးအသင်းမှာ ကစားတုန်းကပုံစံမျိုးကို  ပြန်မြင်ခဲ့ရပြီး မန်ယူအသင်းအတွက် တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ အဓိက အာရုံအစိုက်ခံရဆုံး ကစားသမားနှစ်ယောက်ကတော့ မန်ယူအသင်းရဲ့ အဓိက တိုက်စစ်မှူး Rooney နဲ့ Mata တို့ပါပဲ။

Mata ဟာ အဲ့ဒီပွဲမှာ တစ်ဂိုးသွင်းပြီး အနိုင်ဖြစ်စေမယ့် Smalling ရဲ့ခေါင်းတိုက်ဂိုးကိုလည်း တိကျတဲ့ပေးပို့မှုနဲ့ ပေါင်းစပ်ပေးခဲ့တာပါ။ ဒါပေမယ့် နောက်ချန်တိုက်စစ်မှူး Rooney ကတော့ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့လို့ သူ့အတွက်တော့ စိတ်ပျက်စရာကောင်းတဲ့ည  ဖြစ်ခဲ့တာပါ။

ဒါကြောင့်နည်းပြ  Van Gaal  က "ကျွန်တော်တို့ အသင်းဟာ ပုံစံကောင်းကို ဆက်ထိန်းသွားရမှာပါ။ Mata ကတော့ အကောင်းဆုံးအနေအထားတစ်ရပ်မှာ တောက်ပနေခဲ့ပါပြီ။ Rooney အတွက်ခက်ခဲတဲ့ညလို့ ဆိုရပါမယ်။ သူလည်းအကောင်းဆုံးဖြစ်အောင် ကြိုစားနေတာပါ။ Martial ကတော့ အသင်းအတွက်ကောင်းမွန်တဲ့ ပေါင်းစပ်မှုပေါ့။ Memphis ကတော့ ပရီးမီးယားလိဂ် အသိုင်းအဝိုင်းမှာ အသားကျဖို့ အချိန်ယူရအုံးမယ်လို့ ထင်ပါတယ်လို့" အသင်းရဲ့လက်ရှိအခြေအနေကို သုံးသပ်သွားခဲ့တာပါ။

မီဒီယာတွေကတော့ Rooney ရဲ့ ခြေစွမ်းကို မေးခွန်းထုတ်နေကြပြီး Mata ရဲ့ ခြေစွမ်းနဲ့ နှိုင်းယှဉ်မှုတွေကို ပြုလုပ်နေကြပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment