Powered by Blogger.

ကစားသမားဘဝတစ်လျှောက် ဂိုး ၅၀၀ ပြည့်သွားတဲ့ C.Ronaldo



ရီးရဲလ်တိုက်စစ်မှူး Ronaldo ဟာ အခုတလောမှာ အောင်မြင်မှုမှတ်တိုင်တွေ တစ်ခုပြီးတစ်ခု စိုက်ထူနေပါတယ်။
သူဟာ မနေ့ညက ကစားခဲ့တဲ့ မဲလ်မိုအသင်းနဲ့ ပွဲစဉ်မှာ ဂိုးနှစ်ဂိုးကို သွင်းယူခဲ့ပြီးနောက်မှာ ဂိုး ၅၀၀ ပြည့်သွားခဲ့တာပါ။

သူဟာ ရီးရဲလ်အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ဖို့လက်တစ်ကမ်းအလိုမှာပဲ ကစားသမားဘဝတစ်လျှောက် ဂိုး၅၀၀ ပြည့်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာရီးရဲလ်အသင်းမှာ သွင်းဂိုး၅၀၀ထဲက ၆၄%  ကိုသွင်းယူထားပြီး မန်ယူအသင်းမှာ ၂၄% ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ၁၁% နဲ့ ကစားသမားဘဝစတင်ခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်းမှာ ၁ % ကိုသွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။
Ronaldo ဟာ ရီးရဲလ်အသင်းခေါင်းဆောင်ဟောင်း  Raul ရဲ့ စံချိန် ၃၂၃ ဂိုးကို လိုက်မှီဖို့ တစ်ဂိုးသာလိုတော့တယ်လို့ သိရပါတယ်။  Raul ဟာ ၇၄၁ ပွဲ ကစားပြီးမှ ဒီစံချိန်ကို တင်နိုင်ခဲ့တာဖြစ်ပေမယ့် Ronaldo ကတော့ ၃၀၈ ပွဲသာကစားပြီး စံချိန်ကို ချိုးဖျက်ဖို့ နီးစပ်လာခဲ့တာပါ။

ဒါကြောင့်များမကြာမီရက်တွေအတွင်းမှာ စံချိန်တစ်ခု ထပ်တင်နိုင်အုံးမယ့် Ronaldo ကို ဆက်လက်စောင့်ကြည့်ရအုံးမှာပဲ ဖြစ်ပါတယ်။



(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment