Powered by Blogger.

ချန်ပီယံလိဂ်မှာ ဒိုင်နမိုဇာဂရက်ဘ်ကို အနိုင်ကစားပြီးနောက် အပန်းဖြေခဲ့ကြတဲ့ ဘိုင်ယန်မြူးနစ်အသင်းသားများ


ဘိုင်ယန်မြူးနစ်အသင်းသားတွေဟာ ဒိုင်နမိုဇာဂရက်ဘ်ကို ငါးဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက်မှာ ဂျာမန်ရိုးရာပွဲတော်ဖြစ်တဲ့  Oktoberfest ဘီယာပွဲတော်မှာ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီဘီယာပွဲတော်မှာ သူတို့တင်မကပဲ ဇနီးသည်တွေ ချစ်သူတွေနဲ့အတူ တက်ရောက်ခဲ့ကြတာကြောင့်
အရောင်အသွေး စုံလင်တဲ့ပွဲဖြစ်ခဲ့ပါတယ်။

သူတို့ရဲ့ပွဲတက်ဖက်ရှင်ဒီဇိုင်းတွေကလည်း ခပ်လန်းလန်းတွေဖြစ်နေခဲ့တာကြောင့် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို အထူးခံခဲ့ရပါတယ်။

ဒီပွဲကို နည်းပြ Pep Guardiola ကလည်း ဇနီးဖြစ်သူနဲ့ အတူတက်ရောက်ခဲ့တာကြောင့် စုံစုံလင်လင်ရှိခဲ့ပါတယ်။

သူတို့အားလုံးဟာ ဘီယာကို ပျော်ပျော်ပါးပါးသောက်နေခဲ့ကြပြီး သူတို့ရဲ့ လူနေမှုပုံစံတွေကို ပျော်ရွှင်ဖွယ်တွေ့မြင်ရပါတယ်။ သူတို့ဟာ ဘွန်ဒက်စ်လီဂါခုနစ်ပွဲစလုံးကို အနိုင်ရခဲ့ပြီး  သွင်းဂိုး ၂၃ဂိုးနဲ့ ပေးဂိုးသုံးဂိုးသာ ပေးထားရတာပါ။

 ချန်ပီယံလိဂ်မှာလည်း နှစ်ပွဲလုံးအနိုင်ရရှိထားတာကြောင့် သူတို့ရဲ့ ပျော်ရွှင်မှုတွေက အတိုင်းထက်အလွန်ဖြစ်နေခဲ့တယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။

(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment