Powered by Blogger.

အဲဗာတန်တိုက်စစ်မှူး Romelu Lukaku က နည်းပြ Arsene Wenger နှင့် Mourinho လက်အောက်တွင် ကစားချင်မိသည်ဟုဝန်ခံ


အဲဗာတန်ရဲ့ အဓိကတိုက်စစ်မှူး Romelu Lukaku က သူဟာ နာမည်ကျော်နည်းပြနှစ်ဦးဖြစ်တဲ့
 Arsene Wenger နှင့် Mourinho တို့လက်အောက်မှာ ကစားချင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
သူဟာ အာဆင်နယ်နည်းပြ  Arsene Wenger  လက်အောက်မှာ မကစားခင်မှာ နည်းပြ Mourinho ရဲ့ လက်အောက်မှာ ကစားချင်သေးတယ်လို့ ဝန်ခံခဲ့တာပါ။

 သူဟာချယ်လ်ဆီးမှာ ကစားစဉ်က နည်းပြ Mourinho က သူ့ကို  အသင်းမှာ ကစားဖို့ အဆင့်မမှီသေးဘူးလို့ သုံးသပ်ခဲ့တာကြောင့် ယခုအချိန်မှာ ပြန်လည်အစွမ်းပြချင်နေခဲ့တာ ဖြစ်ပါတယ်။
Romelu Lukaku ဟာ ဘယ်နည်းပြလက်အောက်မှာ ကစားချင်ဆုံးလဲဆိုရင်တော့ 
 " နည်းပြ Mourinho ကတော့ နံပါတ်တစ်ပါပဲ။ ပြီးရင်တော့ Wenger နဲ့ Guardiola တို့က အစဉ်လိုက်ဖြစ်ပါလိမ့်မယ် " လို့ ဖြေခဲ့ပါတယ်။

Lukaku ဟာ ချယ်လ်ဆီးမှာ ကစားစဉ်သုံးနှစ်အတွင်းမှာ အသင်းကြီးမှာ ခြေစွမ်းပြဖို့ အခွင့်အရေးတွေ နည်းပါးခဲ့ပြီး အငှားစာချုပ်တွေနဲ့ပဲ အချိန်ကုန်နေခဲ့ရတာပါ။ ဒါကြောင့်သူဟာ ၂၀၁၄ ခုနှစ်မှာ အဲဗာတန်ကို
ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြကစားခဲ့တာကြောင့် အသင်းကြီး အတော်များများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ သူဟာ မန်ယူအသင်းတိုက်စစ်မှူး Rooney ရဲ့ ချီးကျူးမှုကိုလည်းရရှိခဲ့ပါတယ်။

 ဒါကြောင့် Lukaku ဟာ အဲဗာတန်အသင်းနဲ့ အနာဂတ်လှုပ်ခတ်လာချိန်မှာ အခုလို လေသံပစ်လိုက်တာကြောင့် တိုက်စစ်မှူးလိုနေတဲ့  အာဆင်နယ်နည်းပြ   Wenger အတွက်တော့ မျက်စိကျစရာဖြစ်လာပါတယ်။

(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment