Powered by Blogger.

မန်စီးတီးနဲ့ ပတ်သက်တဲ့ အနာဂတ်ကို မဆုံးဖြတ်ရသေးပါဘူးဆိုတဲ့ Guardoila



ဘိုင်ယန်မြူးနစ်နည်းပြ Pep Guardiola  ဟာ မန်စီးတီးအသင်းနဲ့ လောလောဆယ်မှာ ဘာသဘောတူညီမှုမှ
မပြုလုပ်ရသေးပါဘူးလို့ ပြောလိုက်တာပါ။ သူဟာ လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အင်္ဂလန်ထိပ်သီး မန်စီးတီးက သူတို့အသင်းမှာ လာရောက်ကိုင်တွယ်စေချင်နေတာဖြစ်ပါတယ်။

Guardiola ဟာ ယခုလောလောဆယ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး ဘာကိုမှ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကတော့ Guardiola ကို အသင်းမှာပဲ ဆက်ရှိနေစေလိုပြီး အသင်းနဲ့ အသင့်တော်ဆုံးနည်းပြတစ်ယောက်ကို လွယ်လွယ်နဲ့တော့ လက်လွတ်ခံမယ်လို့တော့ မထင်ပါဘူး။ဘိုင်ယန်မြူါ်နစ်အသင်းဥက္ကဌRummenigge  ကလည်း အသင်းကို အကောင်းဆုံးကိုင်တွယ်ပေးနေတဲ့ နည်းပြကို စာချုပ်သက်တမ်းထပ်တိုးဖို့သာ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။


နည်းပြ Guardiola ဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ်က လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်တဲ့  Sorianoနဲ့Begiristainတို့ဟာမန်စီးတီးအသင်းမှာအမှုဆောင်ချုပ်နဲ့နည်းစနစ်ဒါရိုက်တာတွေ
 ဖြစ်နေတာကြောင့် လုပ်ဖော်ကိုင်ဖက်ဟောင်းတွေရှိတဲ့ မန်စီးတီးအသင်းကို ကိုင်တွယ်လိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။



အခုဆိုရင်  ပရီးမီးယားလိဂ်မှာ နာမည်ကြီးနည်းပြတွေဖြစ်တဲ့  Mourinho , Arsene Wenger နဲ့ လီဗာပူးလ်အသင်းရဲ့ နည်းပြသစ် Klopp တိုရှိနေပါပြီ။
Guardiola ကိုယ်တိုင်ကလည်း အကျော်အမော်နည်းပြတွေ စုစည်းနေတဲ့  ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။ မန်စီးတီးကတော့ လက်ရှိနည်းပြ Pelligrini နဲ့ ၂၀၁၇ သြဂုတ်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။


မန်စီးတီးအသင်းရဲ့ ပိုင်ရှင် ရှိတ်မန်ဆာကလည်း ဘာစီလိုနာရဲ့ အောင်မြင်မှုတွေကို အားကျနေပြီး လာမာစီယာလူငယ်အကယ်ဒမီလို အရည်အသွေးမြင့် လူငယ်အကယ်ဒမီတစ်ခုကိုလည်း သန်းပေါင်းရာချီ အကုန်အကျခံ တည်ဆောက်ထားပြီးပါပြီ။ ဒါ့အပြင် ဘာစီလိုနာနည်းပြအဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Soriano နဲ့ Begiristain တို့ကိုလည်း ခေါ်ယူပြီး အသင်းကို ဘာစီလိုနာအသွင်ရောက်အောင် အကောင်းဆုံးထောက်ပံ့ပေးထားပြီးပါပြီ။ ဒါကြောင့် ပုံကြမ်းဖော်ပြီးနေတဲ့
သိမ်းငှက်ပြာပန်းပုရုပ်ကို ရုပ်လုံးကြွအောင် အချောသတ်ပေးမယ့် နည်းပြ Guardiola သာ ရောက်လာဖို့ လိုအပ်ပါတော့တယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment