Powered by Blogger.

ဘာစီလိုနာရဲ့ ၂၀၁၆မှာအရခေါ်ဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားစာရင်းထွက်ပေါ်လာ


ကတ်တလန်အခြေစိုက် ဒီအသင်းဟာ ၂၀၁၅ ခုနှစ်မှာ အပြောင်းအရွှေ့ပြုလုပ်ဖို့ ပိတ်ပင်ခံထားရပေမယ့် သူတို့ရဲ့လက်ရှိအင်အားစုကို တောင့်တင်းအောင် ပြုလုပ်ဖို့ အခုတည်းက အစီအစဉ်တွေချမှတ်နေတာပါ။
ဘာစီလိုနာဟာ အခုနှစ်နွေအပြောင်းအရွှေ့မှာ Arda Turan နဲ့ စပိန်တိုက်စစ်မှူး Aleix Vidal တို့ကို ခေါ်ယူနိုင်ခဲ့ပေမယ့်

သူတို့နှစ်ယောက်လုံးက ၂၀၁၆ ဇန်နဝါရီလကျမှသာ ကစားခွင့်ရရှိမှာဖြစ်ပါတယ်။
ဒါပေမယ့် အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ Robert Fernandez က ကျွန်တော်တို့ဟာ ကစားသမားတွေရဲ့ ခြေစွမ်းကို အမြဲစောင့်ကြည့်နေတာပါ။ ခြေစွမ်းကောင်းတဲ့ ဘယ်ကစားသမားမဆို ခေါ်ယူစာချုပ်ဖို့က ပြဿနာရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဘာစီလိုနာစောင့်ကြည့်နေတဲ့ ကစားသမားတွေကတော့ ဆယ်လ်တာဗီဂို တောင်ပံကစားသမား Nolito , PSG နောက်ခံလူ Marquinhos , အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ Koke နဲ့ လီဗာပူးလ်ရဲ့ အသက်သွေးကြောကစားသမား Coutinho တို့ပဲဖြစ်ပါတယ်။

ဆယ်တာဗီဂိုတောင်ပံကစားသမား Nolito ကိုတော့ ယမန်နှစ်နွေရာသီတည်းက ကြိုးစားခဲ့ပြီး ပေါင်၂၅သန်းလောက် အသုံးပြုရဖွယ် ရှိနေပါတယ်။ သူ့ကိုတော့ အာဆင်နယ်အသင်းကလည်း စောင့်ကြည့်နေပြီး အပြိုင်လုရဖွယ်ရှိနေပါတယ်။ Coutinho ကတော့ နာမည်ထွက်နေတာဖြစ်ပြီး ဘာစီလိုနာက လှုပ်ရှားမှုမျိုးတော့ မလုပ်သေးပါဘူး။

 အက်သလက်ကွင်းလယ်လူ Koke ကိုတော့ Turan နဲ့ အတွဲအဖက်ရစေဖို့ ခေါ်ယူလိုနေတာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကတော့ လက်ရှိအသင်းမှာပဲပျော်မွေ့နေတယ်လို့ သိရပါတယ်။ Mrquinhos ကတော့ အဓိကပစ်မှတ်ဖြစ်လာနိုင်ပြီးအားနည်းနေတဲ့နောက်တန်းအတွက်အကြီးစားပြင်ဆင်မှုမျိုး ပြုလုပ်လိုနေတာပါ။ Pique တို့အသက်အရွယ်ရလာချိန်မှာ အသင့်အစားထိုးနိုင်ဖို့ ခေါ်ယူလိုနေတာဖြစ်ပြီး PSG အသင်းကတော့ ပေါင်သန်း၄၀ ဈေးဖွင့်ထားပါတယ်။ ဒါကြောင့်ဘာစီလိုနာဟာ လာမယ့်နှစ်မှာ စံချိန်တင်ငွေကြေးတွေသုံးစွဲပြီး အသင်းကိုပြောင်းလဲသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thirhtoolwin.com
Ref : Goal.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment