Powered by Blogger.

ကိုယ်အလေးချိန်ပိုတိုးလာဟု ချယ်လ်ဆီးတိုက်စစ်မှူး Diego Costa ဝန်ခံ


ဒီချယ်လ်ဆီးတိုက်စစ်မှူးဟာ တဖြည်းဖြည်းပိုဝ လာတယ်လို့ မြင်မိကြပါလား???
အခုသူကိုယ်တိုင်ကတော့ ဝိတ်တွေတက်နေတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။


 " ကျွန်တော်ဟာ ၂၀၁၅ ရာသီကုန်မှာ ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရခဲ့တဲ့အချိန်မှာ ကျွန်တော်ဟာ အားလပ်ရက်တွေပိုရပြီး အစားကြူးခဲ့တယ်လေ။ ဒဏ်ရာရနေတဲ့ အချိန်မှာ ကျွန်တော့်မှာ အစားအသောက်စည်းကမ်းမရှိတော့ဘဲ စားချင်တိုင်းတွေစားနေခဲ့တာပေါ့။ ဒီအကျိုးတွေက ကျွန်တော့်ကို ဝလာစေပြီး ခြေစွမ်းပိုင်းကို ထိခိုက်ရတဲ့ တရားခံ အစစ်ကြီးပဲပေါ့ "
လို့ ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့တာပါ။ 

ဒီတိုက်စစ်မှူးဟာ သူ့ရဲ့ လေးကန်နေတဲ့ ကစားဟန်ကြောင့် ပြိုင်ဘက်နောက်တန်းတွေရဲ့ ဖျက်ထုတ်မှုတွေကို အလွယ်တကူခံခဲ့ရပါတယ်။ သူဟာ ယခင်ရာသီက ဒီလိုအချိန်မှာ ဂိုးသွင်းဇယားမှာ ထိပ်ဆုံးက ဦးဆောင်နေတာပါ။ ဒါကြောင့် သူဟာ အခုအချိန်မှာတော့ အကောင်းဆုံးခြေစွမ်းရအောင် ပြန်လည်ကြိုးစားနေပါပြီ။

Costa က " ကျွန်တော်တို့ အသင်းသားတွေ အကုန်လုံးက ကိုယ်စီတာဝန်ကျေပွန်ကြပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့ အချိန်ကာလကို ရောက်ရှိနေခဲ့တယ်။ ဒီလိုကာလမှာ အားလုံးက ကြိုးကြိုးစားစား ကစားရင်တော့ ရလဒ်ဆိုးတွေက်နေ လွတ်မြောက်မှာပါ။ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ကျွန်တော်တို့ အသင်းက အကောင်းဆုံးပုံစံမှာ တစ်ချိန်လုံးရှိမနေခဲ့ဘူး။ ဒါပေမယ့် အမှတ်ယူရမယ့်နေရာမှာ ရအောင်ယူပြီး လုပ်စရာရှိတာကို လုပ်ဆောင်နိုင်ခဲ့လို့ ချန်ပီယံဆုကို ရခဲ့တာပါ " လို့ ဆိုပါတယ်။

နည်းပြဖြစ်သူ Mourinho ကလည်း သူ့ကို အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်နေပြီင်္း အသင်းတိုက်စစ်ကို ပြန်လည် ဦးဆောင်ပေးဖို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။ နည်းပြ Mourinho ဟာ ထိပ်ဆုံးက မန်စီးတီးနဲ့ ၁၀မှတ်ကွာဟသွားတာကြောင့်  ဖိအားရှိနေပြီး အသင်းပိုင်ရှင် Abramovich  ကတော့ Mourinho ဟာ အသင်းကို အကောင်းဆုံးပြန်လည် ထိန်းကွပ်နိုင်မယ့်နည်းပြလို့ ဆိုပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment