Powered by Blogger.

အားလပ်ရက်မှာ ဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ရဲ့ ချစ်သူဖြစ်ခဲ့ရတဲ့ Ronaldo



ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား C.Ronaldo ဟာ ဒိန်းမတ်အသင်းကို ပေါ်တူဂီအသင်းက တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး အားလပ်ရက်မှာ မော်ရိုကိုနိုင်ငံမှာ သွားရောက်အနားယူခဲ့တာပါ။
ဒီ ဟဲဗီးဝိတ်လက်ဝှေ့သမား Badr Hari နဲ့ Ronaldo တို့ဟာ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ပြီး မော်ရိုကိုနိုင်ငံက ရေကူးကန်တစ်ခုမှာ အတူအပန်းဖြေခဲ့ကြတာပါ။


အဲ့လို အပန်းဖြေနေတဲ့ဓာတ်ပုံတွေကို Hari ကဝေမျှခဲ့ပြီး Ronaldo ကို ပွေ့ချီထားတဲ့ပုံအောက်မှာ " ဟားဟား ကြင်စဦး ဇနီးမောင်နှံလေးပေါ့ " လို့ ရေးသားထားတာပါ။ Ronaldo ကတော့ ပေါ်တူဂီအသင်းဟာ ယူရိုပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်သေချာသွားပြီဖြစ်လို့  စိတ်ချလက်ချ  အနားယူနေတာပါ။


Ronaldo ဟာ သူငယ်ချင်းတွေနဲ့ အတူ ပင်လယ်စာတွေကို ပျော်ပျော်ပါးပါးစားသောက်ရင်း အနားယူနေခဲ့တာပါ။ ညဘက်မှာတော့ Dinner တစ်ခုကို ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။ ကမ္ဘာကျော်စူပါစတားဟာ  အရင်ကတော့  ဒီလိုအချိန်တွေမှာ  ချစ်သူဖြစ်သူ အိုင်ရီနာရှက်ခ်နဲ့ အတူ အနားယူခဲ့ပေမယ့်  အခုလောလောဆယ်မှာတော့  သူငယ်ချင်းတွေနဲ့ပဲ နှစ်ပါးသွားနေရပါတယ်။





သူဟာ FIFA Balloon D'Or ဆုကို တတိယအကြိမ်မြောက် ရရှိဖို့ ရေပန်းစားနေပြီး သူ့ရဲ့ ယခုနှစ်ရာသီအစ  ခြေစွမ်းတွေကလည်း  အားရစရာကောင်းနေခဲ့ပါတယ်။ ဒါကြောင့် Ronaldo အတွက်တော့  ယခုလက်ရှိကာလတွေဟာ  ပျော်စရာကာလတွေနဲ့ ပြည့်နေခဲ့ပြီး
သူ့ရဲ့ ကိုယ်ပိုင်ရေမွှေး , မှတ်တမ်းရုပ်ရှင်တွေကြောင့်လည်း  လူပြောများလျက်ရှိနေပါတယ်။


(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment