Powered by Blogger.

Walcott ကိုပွဲထွက်စာရင်းတွင် အသုံးပြုရန် Rio Ferdinand နှင့် Ian Wright တို့ တောင်းဆို




မန်ယူနောက်ခံလူဟောင်း Rio Ferdinand ဟာ ဒိုင်နမိုဇာဂရက်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ Theo Walcott  ကို  ပွဲထွက်လူစာရင်းတွင် ထည့်သွင်းအသုံးမပြုခဲ့တဲ့ အာဆင်နယ်နည်းပြ Arsene Wenger ကို ဝေဖန်ပြစ်တင်လိုက်တယ်လို့ သိရပါတယ်။

Arsene Wenger ဟာ Theo Walcott ရဲ့နေရာမှာ အခြားတိုက်စစ်မှူးဖြစ်တဲ့  Olivier Giroud ကို ပွဲထုတ်ခဲ့ပါတယ်။ Giroud ဟာ အဲ့ဒီပွဲမှာ မိနစ်လေးဆယ်ကြာသာကစားခဲ့ရပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

Arsene Wenger ဟာ ဒုတိယပိုင်း ၆၄ မိနစ်အရောက်မှာမှ Theo Walcott  ကိုထည့်သွင်းခဲ့ပါတယ်။ သူဟာအဲ့ဒီပွဲမှာခြေစွမ်းပြကစားပြီး ချေပဂိုးတစ်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။

ဒါကြောင့်  မန်ယူနောက်ခံလူဟောင်း Rio Ferdinand က " သူဟာ Theo ကို အခွင့်အရေးတွေပေးသင့်ပါတယ်။  အဲ့လိုမပေးနိုင်ရင်တော့ သူ့ကို ပွဲထွက်ခွင့်ရမယ့် တခြားအသင်းကို ပေးပြောင်းပြီး သူပနေရာမှာ အခြားတစ်ယောက်ကို ဝယ်လိုက်ပါ " လို့ ဝေဖန်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမား Ian Wright  ကလည်း "  Theo ဟာ စတုတ်နဲ့ပွဲစဉ်မှာ လှပတဲ့ ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အခုကစားသွားတဲ့ပွဲမှာဆိုရင်လည်း အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးတစ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ လတ်တလောမှာ အကောင်းဆုံးပုံစံကို ရရှိနေပါတယ်။ သူ့ကို ပွဲထွက်ခွင့်ပေးနိုင်မယ့် နည်းလမ်းကို အမြန်ရှာဖွေသင့်ပါတယ်လို့ " ပြောသွားခဲ့ပါတယ်။

အခုလိုတောင်းဆိုမှုတွေကြောင့် Arsene Wenger မနေနဲ့ Theo Walcott  ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment