Powered by Blogger.

ချန်ပီယံလိဂ် မှာ အနိုင်ရပြီးနောက် ချဲလ်ဆီး အသင်း ရလဒ်ကောင်းတွေပြန်ရတော့မယ်လို့ Fabregas ဆို




ချဲလ်ဆီးအသင်းကွင်းလယ်လူ Cesc Fabregas ဟာ မက္ကာဘီတဲလ်အဗစ်ကို အနိုင်ရပြီးတဲ့နောက်မှာ အသင်းဟာ ပုံစံကောင်းရဖို့ ပြန်လည်အစပျိုးနေပြီဖြစ်ကြောင်းပြောပါတယ်။

"ကျွန်တော်တို့အသင်းဟာ ယုံကြည်မှုတွေ ကစားအားတွေ ပိုမိုတိုးတက်လာပြီလို့ မျှော်လင့်ပါတယ်။ Gary တို့ရဲ့နောက်တန်းကစားပုံကလည်း တဖြည်းဖြည်းနဲ့ စိတ်ချရတဲ့ အနေအထားပြန်ရောက်လာပါပြီ။ Loftus နဲ့တွဲကစားရတာလည်းအဆင်ပြေပါတယ်။ Osacar လည်း ပြန်ကစားနိုင်ပြီမို့ ၀မ်းသာမိပါတယ်။ လာမယ့် အာဆင်နယ်အသင်းနဲ့ လန်ဒန်ဒါဘီမှာလည်း ရလဒ်ကောင်းရဖို့ မျှော်လင့်ပါတယ်လို့ " Fabregas က ပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ ချန်ပီိယံလိဂ်အဖွင့်ပွဲမှာ ပုံစံကောင်းကို ပြသခဲ့ပြီး မက္ကာဘီတဲလ်အဗစ်ကို လေးဂိုးပြတ်သွင်းကာ တာထွက်လှခဲ့ပါတယ်။

ချဲလ်ဆီး အသင်းအတွက် စိတ်ပူစရာ ရှိတာ တစ်ခုကတော့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာလည်း ချဲလ်ဆီး အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ Pedro နဲ့ Willian တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်နိုင်ခြင်း မရှိတော့တာပဲ ဖြစ်ပါတယ်။

( Paing AK )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment