Powered by Blogger.

Son Heung-min ၏ ခြေစွမ်းကို စပါးနည်းပြ Pochettino ကျေနပ်နေ




စပါးနည်းပြ Pochettino သည် Son Heung-min ၏ ယူရိုပါလိဂ်ပွဲစဉ်တွင် ပြသခဲ့သည့် ခြေစွမ်းကို အားရလျက်ရှိတယ်လို့ သိရပါတယ်။

ဝှိုက်ဟတ်လိန်းကွင်းမှာ ကစားခဲ့တဲ့ ကွာရာဘတ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ  စပါးအသင်းဟာ တောင်ကိုးရီးယားတိုက်စစ်မှူး Son Heung-min သွင်းယူပေးခဲ့တဲ့ ဂိုးနှစ်ဂိုးအပါအဝင် သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

စပါးနည်းပြ Pochettino က  " သူ့ရဲ့ ပွဲဦးထွက်ခြေစွမ်းက ကောင်းမွန်လွန်းခဲ့ပါတယ်။ သူဟာ အဆင့်မီ ဂိုးနှစ်ဂိုးကို ရယူပေးခဲ့ပြီး အသင်းကိုဦးဆောင်စေခဲ့ပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ အားမရသေးပါဘူး။ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့လို့ကျေနပ်မိပါတယ် " လို့ပြောပါတယ်။

Son Heung-min ဟာ စပါးအသင်းအတွက်လည်း ခြေစွမ်းပြကစားနေသလို လာအိုအသင်းကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း  မိခင်နိုင်ငံ တောင်ကိုးရီးယားအတွက် ဟက်ထရစ်သွင်းယူပေးခဲ့တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment