Powered by Blogger.

မန်ယူအသင်းသည် လာမည့်နှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကလပ်ဖြစ်လာနိုင်




ပရီးမီးယားလိဂ်ထိပ်သီးအသင်းဖြစ်တဲ့ မန်ယူအသင်းဟာ လာမယ့်နှစ်မှာ ကြီးမားတဲ့ဘဏ္ဍာရေး  တိုးတက်မှုတွေဖြစ်ပေါ်မယ်လို့  ခန့်မှန်းထားပြီး ဝင်ငွေပေါင်သန်း ၅၀၀ ခန့် ရရှိဖို့ခန့်မှန်းထားတယ်လို့လည်း သိရပါတယ်။

မန်ယူအသင်းဟာ နည်းပြဟောင်း  David Moyes လက်ထက်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် ဝင်ငွေ ပေါင် ၃၈ သန်းလောက်ဆုံးရှုံးခဲ့ရပြီး  တစ်နှစ်ဝင်ငွေရဲ့ ၈.၈ ရာခိုင်နှုန်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ ဝင်ငွေအကောင်းဆုံးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ကျော်တက်ဖို့တောင်တာဆူနေပါတယ်။ ဒီလို တစ်ဟုန်ထိုးတိုးတက်မှုတွေဟာ မန်ယူအသင်းရဲ့ စပွန်ဆာကုမ္ပဏီတွေရဲ့ ကောင်းမှုကြောင့်လို့ မီဒီယာတွေကပြောပါတယ်။

ဒါ့အပြင်မန်ယူအသင်းဟာ လူကြိုက်အများဆုံးအသင်းဖြစ်တာကြောင့် ရုပ်သံဝင်ငွေတွေလည်း သောက်သောက်လဲရရှိနေတယ်လို့လည်း သိရပါတယ်။

မန်ယူအသင်းဟာ ကြာသပတေးနေ့ညနေက သူတို့ရဲ့ ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်ခဲ့ပြီး ၂၀၁၆ အရောက်မှာ သူတို့ရဲ့ဝင်ငွေဟာ ပေါင်သန်း ၅၀၀ နဲ့ ၅၁၀ ကြား ရှိလာနိုင်မယ်လို့ ခန့်မှန်းထားတယ်လို့လည်း အသင်းပိုင်ရှင်ဂလေဇာက ပြောပါတယ်။

မန်ယူအသင်းဟာ ကမ္ဘာ့ဈေးအကြီးဆုံး အင်္ကျီစပွန်ဆာစာချုပ်အဖြစ် Adidas ကုမ္ပဏီနဲ့ ပေါင်သန်း၇၅၀ တန်စာချုပ်ချုပ်နိုင်ခဲ့ခြင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို တစ်ကျော့ပြန် ပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အကျိုးဆက်တွေကြောင့်လို့ သိရပါတယ်။

ဒီလို ဝင်ငွေတိုးတက်လာတာကြောင့် မန်ယူဟာ ဝင်ငွေအကောင်းဆုံးကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝင်ငွေ ၅၁၃.၇ သန်းကို လာမယ့်တစ်နှစ်အတွင်းမှာ ကျော်ဖြတ်သွားနိုင်တယ်လို့ သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment