Powered by Blogger.

ပရိတ်သတ်တွေကို ဆွဲဆောင်ဦးမယ့် လန်ဒန်ဒါဘီ ပွဲစဉ် အတွက် ပွဲကြိုသုံးသပ်ချက်




ဒီတစ်ပတ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိတဲ့  ချယ်လ်ဆီးနဲ့ အာဆင်နယ် တို့ရဲ့ လန်ဒန်ဒါဘီ အပါအဝင် အခြားသောပွဲတွေကလည်း ပြိုင်ဆိုင်မှုပြင်းထန်နေအုံးမှာပါ။ အကြိုက်ဆုံးရွေးချယ်မှုအဖြစ်  ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီကို သုံးသပ်ပေးပါမယ်။

ချယ်လ်ဆီးနဲ့ အာဆင်နယ်တွေ့ဆုံတဲ့အကြိမ်တိုင်းမှာ အသင်းမှာရှိကြတဲ့ ကစားသမားတွေသာမက နည်းပြအချင်းချင်းရဲ့ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လေ့ရှိပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံးခုနစ်ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာ  ချယ်လ်ဆီးဟာ အာဆင်နယ်ကို လေးပွဲအထိအနိုင်ရပြီး သုံးပွဲသရေကျထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုအချိန်မှာ အကျပိုင်းရောက်နေတဲ့ နောက်တန်းကို ပြန်လည်ပြင်ဆင်ထားပြီး ကွင်းလယ်မှာလည်း Loftus-Cheek , Oscar စတဲ့ လူငယ်လေးတွေပါလာတာကြောင့် ကစားပုံပိုသွက်လာတာကို တွေ့ရပါတယ်။

တိုက်စစ်မှူးတွေကလည်း အဆုံးသတ်သေချာ တဲ့ စွမ်းဆောင်ရည်မြင့်ကစားသမားတွေပါ။ ကွင်းလယ်က Fabregas ရဲ့ ခြေစွမ်းကလည်း အမြင့်ဆုံးမှာ ရောက်နေတာကိုတွေ့ရတယ်။ ဒါပေမယ့် Pedro နဲ့ Willian မပါဝင်နိုင်တာက ချယ်လ်ဆီးအတွက် နစ်နာပါတယ်။

အာဆင်နယ်ကတော့ ကစားပုံက သာမန်ထက်တော့ မပိုသေးပါဘူး။  တိုက်စစ်မှူးတွေခြေမပေါ်ရင် ဒုက္ခရောက်တတ်သေးတယ်။ ကွင်းလယ်ကစားပုံက ကောင်းတယ်လို့ပြောရမယ်။ ခံစစ်ကတော့ တည်ငြိမ်ပါတယ်။ ဒါပေမယ့် ဒိုင်နမိုဇာဂရက်ကို ရှုံးတာက ခံစစ်ကို တပ်လှန့်နေသလိုဖြစ်သွားတယ်။
တိုက်စစ်က ဂိုးများများသွင်းနိုင်မှ တော်ကာကျမယ့် အနေအထားပါ။ Walcott ကို ပွဲထွက်ကစားခိုင်းရင် ပိုအကျိုးပြုမယ်လို့ ထင်ပါတယ်။

Ozil, Sanchez, Ramsey, Chamberlain တို့ ကွင်းလယ်က ရှေ့တန်းကို အကောင်းဆုံးထောက်ပံ့မှုတွေပေးနေတာကို တွေ့ရတယ်။ အဆုံးသတ်ကောင်းရင် ကောင်းသလို ဂိုးရနိုင်တယ်။ တိုက်စစ်ဆင်ရင်းနဲ့ တစ်သင်းလုံးရှေ့တက် ကစားနေတတ်တယ်။ ချယ်လ်ဆီးလို တန်ပြန်တိုက်စစ်ကောင်းတဲ့ အသင်းနဲ့ဆို မလွယ်ဘူး။

ဒိုင်နမိုဇာဂရက်နဲ့ပွဲမှာလည်း ဒီလိုအနေအထားကနေပဲ ဂိုးတွေပေးလိုက်ရတယ်။ Arsene Wenger ကတော့ ပွဲကြီးဆိုတော့အမှားမခံလောက်တော့ဘူး။ Mourinho ရဲ့ အသင်းဆိုတော့ ပိုဆိုးတယ်။ အမှားမလုပ်အောင် သေချာပြင်ဆင်လာမှာပါ။

ချယ်လ်ဆီးကလည်း ကွန်မြူနတီဒိုင်းပွဲတုန်းက ရှုံးခဲ့တာကို အခဲမကြေဖြစ်နေမှာပါ။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အကောင်းဆုံးအနေအထားတစ်ရပ်ကနေ ဧည့်ခံဖို့ တာစူနေမှာပါ။ ချန်ပီယံလိဂ်မှာ ဂိုးပြတ်နိုင်ပွဲရထားတော့ စိတ်ဓာတ်က အမြင့်ဆုံးအနေအထားမှာ ရှိနေမှာပဲ။ အာဆင်နယ်ကတော့ ချန်ပီယံလိဂ်မှာ ရှုံးထားတော့ အနည်းနဲ့အများဖိအားတော့ ရှိနေမှာပါ။

အားလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် အားနည်းချက်တွေ ကိုယ်စီနဲ့ အထည်ကြီးပျက်နှစ်သင်းတွေ့တာ ဖြစ်တဲ့အတွက် မျှတတဲ့ရလဒ်ကတော့ ဂိုးနည်းနည်းနဲ့ သရေကျမယ်လို့ ထင်ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : EPL
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment