Powered by Blogger.

စနေနေ့အတွက် ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်




ပထမဆုံးအနေနဲ့ အက်စတွန်ဗီလာနဲ့ ဝက်စ်ဘရွန်းတို့ရဲ့ ပွဲစဉ်ကို သုံးသပ်ပေးမှာပါ။
အက်စတွန်ဗီလာက အဓိက ကစားသမားတွေကို လက်လွှတ်ရပြီးတည်းက ရလဒ်တွေဆိုးဝါးနေတယ်။
Grealish ကတော့တာဝန်ကျေတယ်။ ဒါပေမယ့်နောက်တန်းတွေ အလုပ်မလုပ်တာက ရလဒ်တွေဆိုးစေတဲ့ အကြောင်းရင်းပါ။

ဝက်စ်ဘရွန်းကတော့ အိမ်ကွင်းမှာရလဒ်ကဆိုးပြီး အဝေးကွင်းတွေမှာ ရလဒ်ကောင်းနေတယ်။
Morrison, Berahino တို့ကခြေစွမ်းပြနေတယ်။ ခြေပျက်နေတဲ့ အက်စတွန်ဗီလာကို နှစ်ဂိုးလောက်တော့ သွင်းပြပါလိမ့်မယ်။

နောက်တစ်ပွဲအနေနဲ့ မန်စီးတီးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပွဲစဉ်ကို သုံးသပ်ပေးမှာပါ။
မန်စီးတီးကိုတော့ ပရီးမီးယားလိဂ်မှာ ဘယ်သူမှ မရပ်တန့်နိုင်သေးပါဘူး။ ငါးပွဲကန် ငါးပွဲနိုင်အနေအထားနဲ့ အကောင်းဆုံးပုံစံကို ပြသနေပါတယ်။ Aguero မပါလို့ ဂိုးသွင်းနှုန်းတော့ ကျသွားမယ်။

 ဝက်စ်ဟမ်းကလည်း အကောင်းဆုံးအနေအထားကို ပြသနေတာပါ။ အသင်းကြီးတွေနဲ့ တွေ့တိုင်းရလဒ်ကောင်းတတ်တယ်။ မန်စီးတီးကိုတော့ ယှဉ်နိုင်မယ် မထင်ပါဘူး။ မန်စီးတီး နှစ်ဂိုးလောက်နဲ့ နိုင်မှာပါ။

ှဆွမ်ဆီးနဲ့ အဲဗာတန်ပွဲကို သုံးသပ်ရမယ်ဆိုရင် ဆွမ်ဆီးမှာက Gomis , Ayew တို့က ဂိုးသွင်းနှုန်းကောင်းကောင်းနေပါတယ်။ Shelvey ကလည်း ကွင်းလယ်မှာ အကောင်းဆုံးအနေအထားတစ်ရပ်မှာ ရှိနေတယ်။

အဲဗာတန်ကလည်း အခုနောက်ပိုင်း ခြေစွမ်းက ပုံမှန်ဖြစ်မနေဘူး။ အတက်အကျ အရမ်းမြန်နေတုန်းပဲ။
Naismith , Baarkley တို့ကတော့ ကွင်းလယ်မှာ အကောင်းဆုံးအနေနဲ့ ရှိနေတယ်။ အဲဗာတန်ကပဲ ကပ်နိုင်သွားနိုင်ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : EPL
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment