Powered by Blogger.

အရေအတွက် ထက် အရည်အချင်း ကို ဦးစားပေးပြီး ကစားသမားသစ် ခေါ်ယူဖို့ Van Gaal သတိပေးခံရ




မန်ယူ အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Louis Van Gaal ဟာ  ငွေကြေးသုံးစွဲမှု နဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် အသင်း ပိုင်ရှင်တွေရဲ့ သတိပေးခြင်းကို ခံလိုက်ရပါတယ်။ မန်ယူ အသင်းအနေနဲ့ အနာဂါတ်မှာ ကစားသမား အသစ်တွေ စာချုပ်ချုပ် ခေါ်ယူတဲ့အခါ အရည်အချင်းကို သာ ကြည့်စေချင်ပြီး အရေအတွက် ကို ဦးစားမပေးရန် သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနှစ် နွေရာသီ မှာတင် ကစားသမား ၆ ယောက်ကို စာချုပ်ချုပ် ခေါ်ယူဖို့အတွက် စတာလင်ပေါင် ၁၁၂ သန်းတိတိ သုံးစွဲခဲ့ပါတယ်။ မနှစ်ကလည်း မန်ယူ ဟာ မျက်နှာသစ် ကစားသမား တွေကို ခေါ်ယူဖို့အတွက် ယခုလိုပဲ တူညီတဲ့ ငွေကြေး ပမာဏ ကို သုံးစွဲခဲ့ပါသေးတယ်။

Memphis Depay ၊ Matteo Darmian ၊ Morgan Schneiderlin ၊ Bastian Schweinsteiger ၊ Sergio Romero နဲ့ Anthony Martial စတဲ့ ကစားသမား သစ် အားလုံးဟာ Van Gaal ရဲ့ ကစားကွက်ကို အားဖြည့်ဖို့ ၀ယ်ယူခဲ့တဲ့ ကစားသမား တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သရဲနီတွေဟာ လာမယ့် အပြောင်းအရွှေ့ဈေးကွက် မှာတော့ ကစားသမား တွေ အများကြီး မ၀ယ်ယူတော့ဘူးလို့ ၀န်ခံထားပါတယ်။

မန်ယူ ပိုင်ရှင် အဖွဲ့ဟာ မန်ယူ အသင်း အစောကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ Gareth Bale ၊ Thomas Muller နဲ့ Harry Kane တို့လို အနာဂါတ်မှာ ခေါ်ယူလို့ ရနိုင်မယ့် ကစားသမား တွေ အတွက်တော့ ပိုက်ဆံ အမြောက်အများ ရှိသေးတယ်လို့ ဆိုထားပါတယ်။

Louis Van Gaal တစ်ယောက် မန်ချက်စတာ ယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်ပြီး ၁၄ လ အကြာမှာပဲ ကစားသမား သစ်ခေါ်ယူဖို့အတွက် စတာလင်ပေါင် ၂၆၂ သန်း တိတိ သုံးစွဲပြီး ဖြစ်သလို ကလပ် အသင်းအနေနဲ့ တော့ ဒီရင်းနှီးမြှုပ်နှံမှုဟာ ၂ နှစ်တိတိ ဖလားနဲ့ ဝေးနေတဲ့ မန်ယူအသင်းကို အောင်မြင်မှု တွေ ပြန်လည် ဆောင်ကြဉ်းပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment