မန်ယူ အသင်း က ခေါ်ယူထားတဲ့ ၁၇ နှစ်အရွယ် ကစားသမား Regan Poole အကြောင်း တစ်စေ့တစ်စောင်း
မန်ယူ ပရိတ်သတ်တွေဟာ Anthony Martial တစ်ယောက် မန်ယူ ရောက်လာတဲ့ သတင်းကိုပဲ စိတ်ဝင်တစား ဖတ်ရှုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ကာလ မပြီးဆုံးခင်မှာ မန်ယူ ကို အချိန်မှီ ပြောင်းရွှေ့လာတဲ့ ဆယ်ကျော်သက် ကစားသမား တစ်ယောက် ရှိနေပါသေးတယ်။
သူကတော့ အသက် ၁၇ နှစ်အရွယ်နောက်တန်း ကစားသမား Regan Poole ဖြစ်ပြီး Newport County အသင်းကနေ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄ သိန်း နဲ့ ပြောင်းရွှေ့လာတာ ဖြစ်တယ်လို့ သိရပါတယ်။ သူက ဘယ်သူများပါလည်း? မန်ယူအသင်းဟာ ဘာကြောင့် League Two ကလပ် အသင်းတစ်သင်း က ကစားသမား ကို ခေါ်ယူရတာလည်း?
၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Regan Poole ဟာ ဝေလ နိုင်ငံ အသင်းရဲ့ ဗဟို နောက်ခံလူ တစ်ယောက်ဖြစ်ပြီး Newport County အသင်း အတွက် ၁၆ ပွဲ ကစားပေးထားတယ်လို့ သိရပါတယ်။ သူဟာ ကာဒစ်ဖ် စီးတီး ရဲ့ လူငယ်လေ့ကျင့်ရေး ကျောင်းကနေ အခမဲ့ ပညာ သင်ယူခွင့် နဲ့ ၂၀၁၄ ခုနှစ်မှာ Newport ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ မန်ယူ အသင်း ရဲ့ ဗဟို နောက်ခံ နေရာမှာတော့ Regan Poole ကို နေရာပေးဖို့အတွက် မဖြစ်နိုင်သေးပါဘူး။ မန်ယူ အသင်းရဲ့ နောက်တန်းမှာ အတွေ့အကြုံရှိတဲ့ ပရော်ဖက်ရှင်နယ် ကစားသမား တွေရှိနေပါသေးတယ်။ ဒါပေမယ့်လည်း မန်ယူ အသင်းဟာ လာမယ့် အချိန်အနည်းငယ်အတွင်း Poole ကို ထည့်သွင်းကစားဖို့ အစီအစဉ်မရှိပဲ Poole ကို စာချုပ်ချုပ် ခေါ်ယူမှာ တော့ မဟုတ်ပါဘူး။
ဒီ လူငယ်လေးဟာ ဝေလ လက်ရွေးစင် အသင်းရဲ့ အသက် ၁၇ နှစ်အောက် အသင်းအတွက် လည်း ၆ ပွဲကစားပေးထားသလို နိုင်ငံ အသင်းရဲ့ အသက်အရွယ်အလိုက် ခေါ်ယူမှု တွေမှာလည်း ပါဝင်နေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror
0 comments :
Post a Comment