Powered by Blogger.

ဝေလ နိုင်ငံ ရဲ့ "အမြဲတမ်းအကောင်းဆုံး ကစားသမား"အဖြစ် သတ်မှတ် ခံခဲ့ရတဲ့ Gareth Bale




Gareth Bale ဟာ ယူရို ၂၀၁၆ အတွက် ခြေစစ်ပွဲအဖြစ် ဆိုက်ပရပ် အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာ ဝေလအသင်းအတွက် အနိုင်ဂိုး ကို သွင်းယူပေးပြီးနောက်မှာ ဝေလ နိုင်ငံ ရဲ့ "အမြဲတမ်းအကောင်းဆုံး ကစားသမား" တစ်ယောက် အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။

ရီးရဲမက်ဒရစ် အသင်းရဲ့ ကြယ်ပွင့်ဖြစ်သူ Gareth Bale ဟာ ထိုပွဲမှာ အနိုင်ဂိုး ကို ဒုတိယပိုင်း ၈၂ မိနစ် အရောက်မှာ ခေါင်းတိုက်ဂိုး သွင်းယူခဲ့တာဖြစ်ပြီး ၁၉၅၈ ခုနှစ်ကတည်းက ကျော်ဖြတ်နိုင်ခြင်းမရှိတော့တဲ့ သူတို့ရဲ့ ပထမဆုံး အဓိက ဖိုင်နယ်ပွဲစဉ်တွေကနေ ၃ မှတ်ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

ဝေလ အသင်းဟာ နောက်လာမယ့် တနင်္ဂနွေ နေ့မှာ ယှဉ်ပြိုင်ရမယ့် အစ္စရေး နဲ့ ပွဲစဉ်မှာ နိုင်ခဲ့ရင်တော့ ခြေစစ်ပွဲ လုံးဝ အောင်မြင်သွားပြီဖြစ်ပါတယ်။ ဝေလ နိုင်ငံ လက်ရွေးစင် အသင်းရဲ့ အလယ်တန်း ကစားသမား ဟောင်းဖြစ်သူ Robbie Savage ကတော့ "ငါတို့ဟာ အမြဲတမ်းအတွက် အကောင်းဆုံးကစားသမား က အနီရောင် ဂျာစီဝတ်ထားတာကို မြင်နေရပါတယ်။ Gareth ဟာ ဂိုး ၁ ဂိုး နဲ့ ထွက်ပေါ်လာပြီး သူဟာ ဝေလအသင်းကို ယူရို ပြိုင်ပွဲ ဆီ ပို့ဆောင်ပေးမယ်ဆိုတာ ငါယုံကြည်ပါတယ်" လို့ ဆိုထားပါတယ်။

လက်ရှိမှာ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမား တစ်ယောက်လည်း ဖြစ်တဲ့ Gareth Bale က ပြောပြခဲ့တာကတော့ " အဲဒီပွဲဟာ ခက်ခဲတယ်ဆိုတာထက်ပိုခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးသွင့်ခွင့်ရခဲ့တယ်။ အဲဒီဂိုးကပဲကျွန်တော်တို့ကို ပိုကောင်းတဲ့နေရာတစ်ခုကို ပို့ပေးခဲ့တယ်။ ကျွန်တော်တို့ဟာ ဒီလောကထဲမှာ တာဝန်တွေလာနေပြီဆိုတာ သိခဲ့တယ်။ ကျွန်တော်တို့ ဘာဆက်လုပ်ရမယ်ဆိုတာသိတယ် ပြီးတော့ ကျွန်တော် တို့ဘာတွေလုပ်နိုင်တယ်ဆိုသိတယ်" လို့ ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှုးဟာ သူ့ရဲ့ ခေါင်းတိုက် စွမ်းးရည်ကြောင့် လူသိများတာမဟုတ်ပဲ BBC နဲ့ Mirror အားကစားသတင်းဌာနတွေရဲ့ စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ Savage က ပြောပြတာကတော့ "သူဟာသူ့ရဲ့ လည်ပင်းကြွက်သား နဲ့ ပါဝါအားလုံးကို စတင်နိုင်ပါတယ်။ အဲဒီပါဝါကို နည်းနည်းပဲ ပြေးလိုက်ပြီး စတင်နိုင်တယ်ဆိုတာကတော့ အံ့မခန်းပါပဲ။ " လို့ သုံးသပ်ထားပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment