မန်ယူမှာပဲ စာချုပ်သက်တမ်း တိုးတော့မယ့် De Gea
David De Gea ဟာ ရီးရဲမက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖို့ အဆင်မပြေ တော့တဲ့နောက် မန်ချက်စတာယူနိုက်တက် အသင်းမှာပဲ စာချုပ် အသစ် ထပ်မံ ချုပ်ဆိုဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။
De Gea ဟာ ရီးရဲ မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့မယ့် အစီအစဉ် ရုပ်သိမ်းခံလိုက်ရ ပါတယ်။ ဘာကြောင့်လဲဆိုတော့ စပိန် အပြောင်းအရွှေ့ကာလ ရဲ့ နောက်ဆုံးနေ့မှာ စာချုပ်ချုပ်ဖို့ သဘောတူခဲ့ပေမယ့် စာရွက်စာတမ်း ပြသနာ တွေကြောင့် ရီးရဲမက်ဒရစ် အသင်းကို မပြောင်းရွှေ့ဖြစ်လိုက်တာ ပဲ ဖြစ်ပါတယ်။
De Gea ရဲ့ အနာဂါတ်ဟာ ဒွိဟတွေဖြစ်နေပါတယ်။ မန်ယူ နဲ့ သဘောတူညီပြီးဖြစ်တဲ့ စာချုပ်သက်တမ်းဟာလည်း နောက်နှစ်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ရီးရဲမက်ဒရစ် အသင်းကလည်း ပြောင်းရွှေ့ကြေးအလွတ် နဲ့ ခေါ်ယူချင်နေပုံ ရပါတယ်။ စပိန် ဂျာနယ်လစ် Josep Pedrerol ကတော့ La Sexta TV အစီအစဉ်မှာ ပြောကြားခဲ့တာက De Gea ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ဆက်လက် ကစားမှာ ဖြစ်ပြီး စာချုပ်အသစ် ချုပ်ဆို ဖို့ စဉ်းစားနေတယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။
ဒါ့အပြင် Pedrerol က အခိုင်အမာ ဆိုခဲ့တာကတော့ De Gea ဟာ ဒီနှစ်ဘောလုံးရာသီအတွက် အရံခုံမှာ ထိုင်မနေချင်ပါဘူး။ ဒါကြောင့်သူ အိုးထရက်ဖို့ဒ် မှာ စာချုပ် အသစ် ချုပ်ဆိုပါလိမ့်မယ်။ ဒါ့အပြင် နောက်နှစ်မှာ ရီးရဲ မက်ဒရစ် အသင်း သို့ ပြောင်းရွှေ့မယ့် အစီအစဉ်ကိုလည်း ရုပ်သိမ်းလိုက်ပြီ လို့ ဆိုပါတယ်။ ရီးရဲ မက်ဒရစ် အသင်းဘက်ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်မ၀င်စားတော့ဘူးလို့ သိရပါတယ်။
De Gea ရဲ့မန်ချက်စတာယူနိုက်တက် အသင်းအတွက် လက်စွမ်းပြပုံတွေကို စောင့်ကြည့်အားပေးဖို့ပဲ ရှိပါတော့တယ်။
( Mario )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Metro
0 comments :
Post a Comment