Powered by Blogger.

Paul Pogba ကို နောက်နှစ်မှာ ခေါ်ယူမယ်ဆိုရင် ယူရို သန်း ၁၀၀ ခန့်ကျသင့်မယ်လို့ ဂျူဗင်တပ်စ် ဆို




ချဲလ်ဆီး အသင်းဟာ ဒီနှစ် အပြောင်းအရွှေ့ကာလတုန်းက သူတို့ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ ဂျူဗင်တပ်စ် ကစာသမား Paul Pogba ကို နောက်နှစ်မှာ ထပ်မံခေါ်ယူဖို့ ကြိုးစားမယ်ဆိုရင် ယူရို သန်း ၁၀၀ အထိ ကျသင့်မှာ ဖြစ်တယ်လို့ သတိပေးခံ လိုက်ရပါတယ်။

စီးရီး အေ ချန်ပီယံ ဂျူဗင်တပ်စ် အသင်းကတော့ ချဲလ်ဆီး အသင်း နဲ့ ပီအက်စ်ဂျီ အသင်း တို့ရဲ့ ဒီနှစ်နွေရာသီမှာ Paul Pogba ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု တွေကို ပယ်ဖျက်ခဲ့ပါတယ်။

ဂျူဗင်တပ်စ် အသင်းရဲ့ ဒါရိုက်တာ ဖြစ်သူ Giuseppe Marotta  က ပြောပြခဲ့တာကတော့ "ကျွန်ုပ်တို့ဟာ နိုင်ငံခြား ကလပ်တွေရဲ့ အရေးပါတဲ့ ကမ်းလှမ်းမှုတွေကို လစ်လျူရှုပြီးတော့ ကျွန်ုပ်တို့ Pogba ကို ထိန်းသိမ်းထားခဲ့အပါတယ်။ အနာဂါတ်မှာ သူဟာ ယူရိုသန်း ၁၀၀ ထက်ပိုပြီး တန်ကြေးရှိလာနိုင်ပါတယ်။" လို့ ဆိုပါတယ်။

"ကျွန်တော် သတိထားမိခဲ့တာကတော့ ပရီးမီးယားလိဂ် အသင်းတွေ ဘယ်လို ချမ်းသာလာသလဲဆိုတာပဲ ၊ ပြီးတော့ ကလပ် အသင်းတွေက ကစားသမားတွေ ရူးသွပ်လှတဲ့ ဈေးနှုန်းတွေ နဲ့ ၀ယ်ယူနေကြပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ဒီနေ့ခေတ်မှာတော့ အရမ်း သာမန် ဆန်နေပါပြီ "

"အကယ်၍ Pogba သာ ပြီးခဲ့တဲ့ နှစ်က စွမ်းဆောင်ရည် လိုမျိုး ရှိနေခဲ့ဦးမယ်ဆိုရင်တော့ နောက်နှစ်မှာ ယူရို သန်း ၁၀၀ မက တန်ကြေးရှိလာမှာပါ" လို့ သူက ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment