David De Gea တစ်ယောက် မန်ယူမှာ ပဲ ဆက်လက်ရှိနေမည်
အပြောင်းအရွှေ့ကာလ မှာ ဟော့ အဖြစ်ခဲ့ဆုံး သဘောတူညီမှုကတော့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား David De Gea ကို ရီးရဲမက်ဒရစ် က ကမ်းလှမ်းမှုပါပဲ။ အပြောင်းအရွှေ့ကာလ မစတင်မီကတည်းက ရီးရဲ မက်ဒရစ် အသင်းရဲ့ ကမ်းလှမ်းမှု ဟာ အပြောင်းအရွှေ့ ကာလ ပြီးဆုံးသည် အထိ သဘောတူညီမှု မရခဲ့ရှာပါဘူး။
David De Gea ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာပဲ ဆက်လက် ရှိနေရဦးမှာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တနင်္လာ နေ့ကအထိတော့ ရီးရဲမက်ဒရစ် အသင်းနဲ့ အပြောင်းအရွှေ့ သဘောတူညီမှု ကို ရရှိလက်ခံခဲ့ပါသေးတယ်။
ရီးရဲ မက်ဒရစ် ဘက်က ကမ်းလှမ်းမှုကတော့ စတာလင်ပေါင် ၂၅.၅ သန်း အပြင် ကစားသမား Keylor Navas ကို ပါ အလိုက်ပေးခဲ့ပေမယ့လည်း စပိန် အပြောင်းအရွှေ့ကာလ မပြီးဆုံးခင်မှာပဲ De Gea ရဲ့ အပြောင်းအရွှေ့စာချုပ်ကို လက်မှတ် မထိုးနိုင်ခဲ့ကြပါဘူး။
လာလီဂါ သတင်းတွေကိုတင်ဆက်သူ ဂျာနယ်လစ် Guillem Balague က Twitter ကတစ်ဆင့် ဖော်ပြထားတာကတော့ အားလုံးကို သဘောတူညီမှု ရရှိပြီးမှာ စာရွက်စာတမ်းတွေ အချိန်မှီ ရောက်မလာတဲ့အတွက် De Gea ဟာ မန်ယူ မှာ ဆက်လက်ရှိနေဖို့ ဖြစ်လာပါတယ် လို့ ရေးသားခဲ့ပါတယ်။ အခြား စပိန် မီဒီယာ ၄ ခုခန့်ကလည်း တစ်ပုံစံတည်းပဲ ဖော်ပြထားတာကို တွေ့ရပါတယ်။
Keylor Navas အတွက်ကတော့ မန်ချက်စတာယူနိုက်တက် ကို ပြောင်းရွှေ့ဖို့ မလိုအပ်တော့ပါဘူး။ David De Gea ဟာလည်း မန်ယူ မှာပဲ ဆက်လက်ရှိနေတော့မှာပါ။ ရီးရဲမက်ဒရစ် အသင်းကလည်း ဂန္တ၀င် ဂိုးသမား Iker Casillas ကို အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် Keylor Navas ကိုပဲ အားထား ရတော့မှာ ဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Metro
0 comments :
Post a Comment