Powered by Blogger.

တိုက်စစ်မှူး Totti ရိုးမားအတွက် ဂိုး ၃၀၀ ပြည့်မြောက်ခဲ့




အသက် ၃၈ နှစ် အရွယ်ရှိ  ရိုးမားအသင်းခေါင်းဆောင် Totti ဟာ သူ့ရဲ့ ၂၄၄ ဂိုးမြောက် စီးရီးအေ သွင်းဂိုးကို သွင်းယူပြီးတဲ့နောက်မှာ  ရိုးမားအသင်းမှာ သူ့အတွက်  ပြိုင်ပွဲစုံသွင်းဂိုး ၃၀၀ ပြည့်မြောက်ခဲ့ပြီ လို့ သိရပါတယ်။

အီတလီလက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာ လာမယ့်အပတ်မှာ အသက်သုံးဆယ့်ကိုးနှစ်ပြည့်မြောက်မယ်လို့ သိရပါတယ်။

သူ့အတွက် ဂိုး ၃၀၀ ပြည့်စေမယ့်ဂိုးကို  မနေ့ညက ဆာဆူအိုလိုနဲ့ ပွဲမှာ သွင်းယူခဲ့တာလို့ သိရပါတယ်။
သူဟာ ရိုးမားအသင်းမှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်လုံးကို အသင်းနဲ့အတူ မြှုပ်နှံခဲ့တာပါ။

သူဟာ အသက်၁၆ နှစ်တည်းက ရိုးမားအသင်းနဲ့အတူ ပွဲဦးထွက်ခဲ့ပြီး ၁၉၉၃ ခုနှစ်က ကစားခဲ့တဲ့ ဘရက်စီယာအသင်းနဲ့ ပွဲစဉ်ဖြစ်တယ်လို့ သိရပါတယ်။

Totti ဟာ အီတလီလက်ရွေးစင်အသင်းနဲ့အတူ  ၂၀၀၆ ခုနှစ်က ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပြီး ရိုးမားအသင်းနဲ့
စကူဒက်တိုဖလားတစ်ကြိမ် ၊ ကိုပါအီတာလီယာဖလားနှစ်ကြိမ် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment