Powered by Blogger.

Martial ဟာ ထင်တာထက် ပိုကောင်းနေဟု မန်ယူနောက်ခံလူဟောင်း Gary Neville ပြော




Martial ရဲ့ခြေစွမ်းဟာ မိမိထင်တာထက် အဆများစွာ သာလွန်နေတယ်လို့ မန်ယူနောက်ခံလူဟောင်း Gary Neville  က ဝန်ခံသွားခဲ့ပါတယ်။

အသက်၁၉နှစ်အရွယ် Martial ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ မိုနာကိုအသင်းကနေ ပေါင် ၃၆ သန်း ဆိုတဲ့ ဆယ်ကျော်သက်ကစားသမားလောကရဲ့  စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့  မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။

သူဟာ ပွဲဦးထွက် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာလည်း တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး နောက်ထပ် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဆောက်သမ်တန်အသင်းကို သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာလည်း အရေးပါတဲ့ ဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒါကြောင့် Gary Neville က Sky sports နဲ့ အင်တာဗျူးမှာ အခုလိုပြောပြခဲ့ပါတယ်။

"ကျွန်တော် သူ့ကို ဒီလောက်အထိလည်း မမျှော်မှန်းထားပါဘူး။ သူဟာ မန်ယူမဟုတ်တဲ့ မိုနာကိုမှာတောင်မှ ပွဲ ၇၀ မှာ ၁၅ ဂိုးပဲ သွင်းနိုင်ခဲ့တာလေ။သူအခုလိုခြေစွမ်းတွေပြပြီး ဂိုးတွေသွင်းနေတာမျိုးကို စိတ်ကူးတောင် မယဉ်ခဲ့ဖူးပါဘူး။ သူကလည်း သူ့တန်ကြေးနဲ့ ထိုက်တန်ကြောင်း သက်သေပြနေတာလို့ ထင်မိပါတယ်။ သူကတော့ ကျွန်တော်တို့ အားလုံးကို စိတ်ဝင်စားအောင်လုပ်နေပါပြီ" လို့ ပြောသွားခဲ့တာပါ။

Martial ဟာ သူ့ရဲ့ခြေစွမ်းကြောင့် အသင်းဖော်အများစုကလည်း ချီးကျူးမှုတွေပြုလုပ်တာခံခဲ့ရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment