Powered by Blogger.

ကွင်းလယ်ဒိုင် ၏ လုပ်ရပ်များကို ပြန်လည် စုံစမ်းရန် နှင့် Diego Costa ၏ အပြုအမူများကို အပြစ်ပေးရန် FA သို့ Wenger တောင်းဆို




အာဆင်နယ်အသင်းနည်းပြ Arsene Wenger က ချယ်လ်ဆီးအသင်းကို အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့သော ပွဲအပြီးမှာ ထိရောက်သောအရေးယူမှုတွေကို ပြုလုပ်ပေးဖို့ FA ကို တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

ချယ်လ်ဆီးတိုက်စစ်မှူး Diego Costa ဟာ အာဆင်နယ်အသင်းနောက်ခံလူ Koscielny ကို တွန်းခဲ့ပြီးတော့  အခြားနောက်ခံလူဖြစ်တဲ့ Gabriel နဲ့ပြသနာတက်ခဲ့တာကြောင့် နှစ်ယောက်လုံးကို ကွင်းလယ်ဒိုင် Mike Dean က အဝါကတ်ပြသခဲ့ပါတယ်။

ဒါပေမယ့် ကွင်းလယ်အရောက်မှာ Gabriel က Costa ရဲ့ ခြေထောက်ကို နင်းတယ်လို့ Costa က ကွင်းလယ်ဒိုင် Mike Dean ကို စောဒကတက်ခဲ့ရာမှာ Mike Dean က  Gabriel ကို နောက်ထပ်အဝါကတ်တစ်ကတ် ထပ်ပြပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်ရဲ့ အားထားရတဲ့ ကွင်းလယ်လူ Cazorla ကိုလည်း ဒုတိယပိုင်းအရောက်မှာ နှစ်ဝါတစ်နီနဲ့ ထပ်မံထုတ်ပယ်ခဲ့ပါတယ်။

ဒါကြောင့် Arsene Wenger က "ဒီပွဲမှာ ကွင်းလယ်ဒိုင် Mike Dean ဟာ  သူကိုယ်တိုင် မမြင်လိုက်ရတဲ့ အဖြစ်အပျက်တွေကို ကစားသမားတွေရဲ့ အပြောပေါ်မူတည်ပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ခဲ့တာပါ။ ကျွန်တော်တို့ နောက်ခံလူတွေနဲ့ Diego Costa တို့ ဘာဖြစ်ခဲ့တယ်ဆိုတာ အစအဆုံး သူမသိခဲ့ပါဘူး။ "

" Costa ဟာ အမြဲတမ်း ရန်လိုတတ်တဲ့ ကစားသမားပါ။ နောက်ခံလူတွေကို အမြဲရန်လိုက်စနေတတ်ပါတယ်။ သူ့ကိုလည်း  ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးသင့်ပါတယ်လို့ "  ပြောကြားသွားခဲ့ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment