Powered by Blogger.

Sanchez , Giroud နှင့် Walcott တို့သည် ယခုရာသီတွင် ဂိုး ၂၀ ခန့် သွင်းယူနိုင်သူများဟု Aresnal နည်းပြ ပြော




 Alexis Sanchez, Olivier Giroud နှင့်  Theo Walcott  တို့ဟာ ယခုရာသီ အတွင်းမှာ ဂိုး ၂၀ ခန့် သွင်းယူနိုင်သူတွေဖြစ်တာကြောင့်  တိုက်စစ်မှူးပြဿနာကြုံတွေ့ရဖွယ်မရှိဘူးလို့  Aresnal နည်းပြ  Arsene Wenger ကပြောကြားလိုက်ပါတယ်။

ယခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ Edinson Cavani နဲ့ Karim Benzema တို့လို နာမည်ကျော်တိုက်စစ်မှူးတွေကို  Emirates ကွင်းထဲကိုခေါ်ဆောင်လာနိုင်မယ်လို့ ခန့်မှန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ ဘယ်အပြောင်းအရွှေ့မှ ဖြစ်မလာခဲ့ပဲ အသက်အရွယ်အရ အကျပိုင်းရောက်နေတဲ့ ဂိုးသမား Petr Cech ကိုသာပေါင်ဆယ်သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Arsene Wenger က " Aaron Ramsey , Mesut Ozil , Santi Cazorla တို့ဟာလည်းဂိုးတွေ သွင်းယူနိုင်ဦးမယ်လို့ ထင်ပါတယ်။ " ဒဏ်ရာပြဿနာတွေရှိလာရင်တော့ ဘယ်သူဘယ်နှစ်ဂိုးသွင်းနိုင်မလဲ ဆိုတာ ပြောဖို့ ခက်ပါလိမ့်မယ်။ ဒါ့အပြင် အကောင်းဆုံးတိုက်စစ်မှူးတွေကို တောင်အမေရိက, ကပဲ မွေးထုတ်ပေးခဲ့တာပါ။ အခု ဥရောပက ဘယ်သူ့ကိုမွေးထုတ်ပေးနိုင်ခဲ့လဲ။ ဒါဟာ လူငယ်အကယ်ဒမီတွေ အားနည်းလာလို့ပါ " လို့ သူ့ ထင်မြင်ချက်တွေကို ပြောပြခဲ့ပါတယ်။

Arsene Wenger ပြောခဲ့သလိုပဲ သူ့တိုက်စစ်မှူးတွေ  ဂိုးသွင်းနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။

( Paing A K )

#သစ်ထူးလွင်( အားကစား )
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment