Powered by Blogger.

ဒူးဒဏ်ရာကြောင့် ဂျူဗင်တပ်နှင့်ပွဲကို Aguero လွဲချော်မည်




မန်ချက်စတာ စီးတီး အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်သူ Aguero ဟာ ခရစ်စတယ်ပဲလေ့စ် နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ပြိုင်ဘက်ကစားသမား Dann ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်ပုံကြောင့် ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ယနေ့ညမှာ  ယှဉ်ပြိုင်ကစားမည့် ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကို လွဲချော်မယ်လို့သိရပါတယ်။

မန်စီးတီးအသင်းရဲ့ ပဲ့ကိုင်ရှင် Manuel Pellegrini က အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနား နိုင်ငံသားဟာ အီတလီချန်ပီယံတွေကို ဧည့်ခံနိုင်တော့မှာ မဟုတ်ဘူးလို့ ချန်ပီယံလိဂ် ပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပဲလေ့စ်နဲ့ပွဲကို ဒဏ်ရာအသီးသီးနဲ့ လွဲချော်ခဲ့တဲ့ ကွင်းလယ်လူ Silva နဲ့ Sterling တို့ကတော့ ကစားဖို့ အသင့်အနေအထားမှာရှိနေပြီ ဖြစ်တယ် လို့လည်း သိရပါတယ်။

ဒါ့အပြင် ပေါင်ခြံ ဒဏ်ရာရနေတဲ့ ကွင်းလယ်လူ Fernando ကတော့ ကာလရှည်ကြာ နားနေရဦးမယ်လို့လည်း သိရပါတယ်။

မန်စီးတီးနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေအုံးမလားဆိုတာကတော့ စောင့်ကြည့်ရအုံးမှာပါ။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment