Powered by Blogger.

ပရိတ်သတ်တွေ ရင်ခုန်ရမယ့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်များကို ကြိုတင်ခံစားခြင်း (၁)




ဒီတစ်ပတ် အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာတော့ ပရိတ်သတ်တွေ ရင်ခုန်ခံစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေ စတင်လာပါပြီ။

ပထမဆုံးအနေနဲ့ စပိန်ဘီလူးကြီး ရီိးရဲလ်မက်ဒရစ်နဲ့ ယူကရိန်းထိပ်သီး ရှက်တာဒိုးနက်တို့ရဲ့ ပွဲစဉ်ကို ပြောပြချင်ပါတယ်။

ရီိးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါမှာတောက်လျှောက်ဂိုးပြတ်တွေနိုင်ခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ဓာတ်နဲ့ စုဖွဲ့မှုက အမြင့်ဆုံးအနေအထားမှာရှိနေပါတယ်။ ဂိုးမသွင်းနိုင်လို့ ဝေဖန်ခံရတဲ့ Ronaldo က အက်စ်ပန်ညိုလ်နဲ့ပွဲမှာ ငါးဂိုးသွင်းပြပြီး ဝေဖန်မှုတွေကို အသံတိတ်စေခဲ့ပါတယ်။ Bale နဲ့ Jaames Rodriguez တို့ရဲ့ခြေစွမ်းကလည်း အမြင့်ဆုံးမှာ ရှိနေတယ်။ တိုက်စစ်နဲ့ကွင်းလယ်ကလည်း အပေးအယူမျှပြီး လှပတဲ့ဂိုးတွေကို ထုတ်လုပ်ပေးနေတယ်။ ယူကရိန်းကလပ် ရှက်တာဒိုးနက်ကလည်း နောက်ဆုံးငါးပွဲမှာ လေးပွဲအထိနိုင်ထားလို့ လျှော့တွက်လို့တော့မရဘူး။ ဒါပေမယ့် ရီိးရဲလ်က သူတို့ကန်နေကျ ယူကရိန်းကလပ်လေးတွေလိုတော့ မဟုတ်ဘူး။  ရီးရဲလ်က ဘာနေဗျူးကွင်းမှာ ရှက်တာဒိုးနက်ကို ဂိုးပြတ်သွင်းပါလိမ့်မယ်။

ဒုတိယတစ်ပွဲမှာတော့လီဂူးချန်ပီယံ ပီအက်စ်ဂျီ နဲ့ ဆွီဒင်ကလပ် မယ်လ်မို တို့ရဲ့ ပွဲစဉ်ကို သုံးသပ်ပါမယ်။ Ibrahimovic က သူ့ရဲ့ ကစားသမားဘ၀ကိုစတင်ခဲ့တ မယ်လ်မို နဲ့ ကန်ရမယ့်ပွဲစဉ်ကို စိတ်လှုပ်ရှားနေတယ်။ အသင်းငယ်ဆိုပေမယ့် ပီအက်စ်ဂျီ  က လူစုံထုတ်ကစားမယ်လို့ ကြေငြာထားတယ်။ ချန်ပီယံလိဂ် အတွေ့အကြုံနုသေးတဲ့ မယ်လ်မို ကို ပီအက်စ်ဂျီ အနည်းဆုံးနှစ်ဂိုးသွင်းမယ်လို့ ထင်ပါတယ်။

ဝုလ်ဖ်ဘတ်နဲ့ CSKA မော်စကိုပွဲမှာတော့ ၀ုလ်ဖ်ဘတ်က  Luiz Gustavo; Draxler, Schürrle တို့ရဲ့ ကွင်းလယ်ပိုင်းကတောင့်တင်းတယ်။ De Bruyne ထွက်သွားလို့ နည်းနည်းတော့ပျော့သွားတယ်။  CSKA မော်စကိုကလည်း ကြောက်စရာပုံစံကို သိပ်မပြနိုင်ဘူး။ ၀ုလ်ဖ်ဘတ်ကွင်းလယ်နဲ့    CSKA တို့ရဲ့ Doumbia, Musa,  Dzagoev , Tošic တို့ရဲ့ တိုက်စစ်အားပြိုင်ရင်း သရေကျမယ်လို့ ထင်မိပါတယ်။

ပေါ်တူဂီကလပ် ဘင်ဖီကာ နဲ့ ကာဇက်စတန် ကလပ် အက်စတန်နာတို့ရဲ့ ပွဲစဉ်ကိုတော့ ဘင်ဖီကာ အသင်းရဲ့ ချန်ပီယံလိဂ် အတွေ့အကြုံ နဲ့ ပရော်ဖက်ရှင်နယ် ခြေစွမ်းတို့ကြောင့် ဘင်ဖီကာ အသင်းကပဲ နှစ်ဂိုးလောက်နဲ့နိုင်မယ်လို့ထင်မြင်မိပါတယ်။

( Paing A K )

#သစ်ထူးလွင် (အားကစား)
#sports.thithtoolwin.com

Ref : UEFA.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment