Powered by Blogger.

ပရိတ်သတ်တွေ ရင်ခုန်ရမယ့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်များကို ကြိုတင်ခံစားခြင်း (၂)




နောက်ထပ်ချန်ပီယံလိဂ်ပွဲအဖြစ် အင်္ဂလန်ထိပ်သီးမန်ယူကနယ်သာလန်မြေမှာ ပီအက်စ်ဗွီအသင်းနဲ့ကစားရပါလိမ့်မယ်။ ဒီပွဲမှာ တိုက်စစ်မှူး Rooney ဒဏ်ရာရနေတဲ့အတွက် Fellaini ကို တိုက်စစ်ကိုဦးဆောင်ခိုင်းထားတယ်။ Fellaini က တိုက်စစ်မှူးတစ်ယောက်လို ကောင်းကောင်းမကစားနိုင်ဘူး သူက Box to Box ကစားတဲ့နေရာမှာတော့ ပရော်ဖက်ရှင်နယ်ကစားသမားပါ။ ဒါကို Van Gaal ခေါင်းမာနေတယ်။ သူ့နေရာမှာ Martial ကို အစားထိုးမယ်ဆိုရင် ပိုအဆင်ပြေမယ်ထင်မိပါတယ်။

Depay ကလည်း No.10 Role မှာတာဝန်မကျေသေးဘူး။ တစ်သင်းလုံးက သူ့ကိုတည်ကစားနေတာ။ အလုပ်မဖြစ်သေးဘူး။ ဒါ့အပြင် သူ့အသင်းဟောင်းနဲ့တွေ့ရမယ်ဆိုတော့ စိတ်လှုပ်ရှားနေတယ်။ သူအလုပ်မဖြစ်ရင် မန်ယူတိုက်စစ်သေနေတတ်တယ်။ ပီအက်စ်ဗွီနည်းပြ Cocu က တိုက်စစ်ဖွင့်ကစားမယ်လို့  ပြောထားပါတယ်။ သူတို့တိုက်စစ်မှူး Luuk de Jong က ခြေစွမ်းငြိမ်တယ်။ အဝေးကွင်းမှာ မန်ယူ ရုန်းရမယ်။ နိုင်ရင်လည်း တစ်ဂိုးလောက်နဲ့ ကပ်နိုင်မယ်လို့ထင်မိပါတယ်။

နောက်တစ်ပွဲမှာတော့ ပရီးမီးယားလိဂ်ရာနှုန်းပြည့်နိုင်ပွဲဆက် မန်စီးတီးက အီတလီချန်ပီယံ  ဂျူဗင်တပ်ကို အီတီဟတ်ကွင်းကြီးမှာ ဧည့်ခံရမယ်။ မန်စီးတီးရဲ့ တိုက်စစ်မြှားဦး Aguero က ဒဏ်ရာကြောင့်မပါဝင်နိုင်သေးဘူး။ မန်စီးတီးက ရာနှုန်းပြည့်နိုင်ပွဲဆက်နေပေမယ့် အဓိက ကစားသမားတစ်ယောက်မပါတိုင်း ကစားအားကျတတ်တာတွေ့ရတယ်။ တိုက်စစ်မှူးအနေနဲ့ Bony က ပွဲထွက်ကစားလိမ့်မယ်။

Yaya Touré, Fernandinho; De Bruyne, Silva, Sterling တို့ ရဲငါးဖော် ကွင်းလယ်က ပြိုင်ဘက်ကို ခြောက်ခြားစေနိုင်တယ်။ လူငယ်တွေနဲ့ သွေးသစ်ပြန်လောင်းနေတဲ့ တူရင်သားတွေကလည်း အကောင်းဆုံးပုံစံမှာရှိမနေသေးဘူး။ Pogba , Dybala တို့က မန်စီးတီးနောက်တန်းကို အလုပ်ရှုပ်စေနိုင်တယ်။ မန်စီးတီးရဲ့ လျင်မြန်တဲ့တွဲလုံးတွေကို အကျဘက်ရောက်နေတဲ့ ဂျူဗင်တပ်နောက်တန်း တောင့်မခံနိုင်လောက်ဘူး။ မန်စီးတီးဘက်ကနေရင် ပျော်ရမယ်။

ှစပိန်ကလပ် ဆီဗီလာ နဲ့ ဂျာမန်ကလပ် မိုချင်ဂလာဘတ်တို့ရဲ့ ပွဲကိုချဉ်းကပ်ကြည့်ပါမယ်။  သူတို့နှစ်သင်း တွေ့တဲ့အခါတိုင်း ဆီဗီလာက အသာရထားတယ်။ Unai Emery ရဲ့ ဆီဗီလာက ကွင်းလယ်မှာ N'Zonzi နဲ့ ပုံစံကောင်းရနေတယ်။ တိုက်စစ်မှူးနေရာမှာ  Llorente ကိုလည်းအားဖြည့်ထားတယ်။  မိုချင်ဂလာဘတ်ကတော့ ခြေစွမ်းကကျပြီးရင်းကျနေတယ်။ စပိန်မြေမှာလည်း ဖြစ်နေတာကြောင့် ဆီဗီလာက ဂိုးများများနဲ့ အသာစီးရသွားပါလိမ့်မယ်။

နောက်တစ်ပွဲအဖြစ် တူရကီထိပ်သီး ဂါလာတာစာရေးနဲ့ စပိန်ကလပ် အက်သလက်တီကိုတို့ က တူရကီမြေ အစ္စတန်ဘူလ်မှာ ကစားရလိမ့်မယ်။ ဂါလာတာစာရေးက  Sneijder , Podolski,Yılmaz တို့ တွဲလုံးတွေရှိနေပေမယ့် အခုနောက်ပိုင်းပွဲတွေမှာ မနည်းရုန်းနေရတယ်။ အက်သလက်တီကိုကတော့  Griezmann, Fernando Torres တို့ကအတော်အလုပ်ဖြစ်တယ်။ တူရကီမြေဆိုပေမယ့် စပိန်သားတွေ ခြေစွမ်းပြလိမ့်မယ်။ အက်သလက်တီကို ကို ယုံလိုက်ပါ။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment