Powered by Blogger.

AC Milan ကို အနိုင်ရပြီးနောက် မိမိတို့အသင်းမှာ စကူဒက်တိုဖလားကို ရည်မှန်းကာ ယှဉ်ပြိုင်နေခြင်းဖြစ်ကြောင်း Inter Milan အသင်းနည်းပြ Mancini ကြုံးဝါး



တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Milan ဒါဘီပွဲစဉ်အပြီးမှာ Inter Milan  အသင်းနည်းပြ Mancini က မိမိတို့ အသင်းဟာ စကူဒက်တိုချန်ပီယံဆုကို ရည်မှန်းပြီးကစားနေတယ်လို့ ကြုံးဝါးခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်မှာ  Inter Milan  အသင်းဟာ ဘယ်လ်ဂျီယံကွင်းလယ်လူ Fredy Guarin ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ နိုင်ပွဲရခဲ့ပါတယ်။
Mancini က
 ပြိုင်ဘက်တွေ အသားကျဖို့ ရုန်းကန်နေရချိန်မှာ ကျွန်တော်တို့ အသင်းဟာ အကောင်းဆုံးကြိုးစားနေပါတယ်။
 အထူးသဖြင့် Juventus လို အသင်းရုန်းကန်နေရချိန်မှာ အခွင့်ကောင်းယူထားနိုင်ရပါမယ်။ ဘောလုံးဆိုတာ မိနစ် ကိုးဆယ်အတွင်း ဘာမဆို ဖြစ်သွားနိုင်ပါတယ်။

ကံတရားနဲ့ ယုံကြည်မှုက အရေးကြီးပါတယ်လို့ ပြောပါတယ်။ Perisic နဲ့ Melo တို့ရဲ့စွမ်းဆောင်ရည်တွေကိုလည်း ကျေနပ်မိပါတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

ပြိုင်ဘက်လိဂ်တွေထက် စိတ်ဝင်စားမှုလျော့ကျလာတဲ့ Serie A ဟာလည်း ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာပြီဖြစ်တာကြောင့် စိတ်ဝင်တစားစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment