Powered by Blogger.

ပွဲဦးထွက်ခြေစွမ်းကြောင့် Martial တွင် ဖိအားများရှိလာနိုင်ဟု ကွင်းလယ်လူ Carrick သုံးသပ်


Manchester United  ကွင်းလယ်လူ Carrick က လူငယ်တိုက်စစ်မှူး Martial သည် သူ၏ မြင့်မားသော စွမ်းဆောင်ရည်ကြောင့် လာမည့်ပွဲစဉ်များတွင်  ဖိအားများခံစားရနိုင်ကြောင်း ပြောခဲ့ပါတယ်။  Martial ဟာစနေနေ့က ယှဉ်ပြိုင်ခဲ့တဲ့Liverpool အသင်းနှင့်ပွဲဦးထွက်ပွဲစဉ်မှာပဲ ခြေစွမ်းပြကစားပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ကွင်းလယ်လူ Carrick က "  Martial ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထက်မြက်လှပါတယ်။ ဒါကြောင့် ပရိတ်သတ်တွေက သူ့ဆီကနောက်ထပ်ဂိုးတွေကို မျှော်လင့်နေနိုင်ပါတယ်။

 ဒါဟာ သူ့ကို ဖိအားတွေထဲကို တွန်းပို့နိုင်ပါတယ်။
သူ့ရဲ့ အဖွင့်ပွဲကလှပခဲ့ပါတယ်။ ဒါဟာသူ့ကို လာမယ့်ပွဲတွေမှာ ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်ကို ပိုမိုမြင့်မားစေခဲ့ပါတယ်။ သူ့ရဲ့ အဆုံးသတ်စွမ်းဆောင်ရည်က ကြောက်မက်ဖွယ်ကောင်းလှပါတယ်။
သူဟာ လာမယ့်ပွဲစဉ်တွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့ မြင့်မားလှတဲ့ခြေစွမ်းကို ဆက်ထိန်းထားနိုင်မယ်လို့
ထင်ပါတယ်လို့ " ပြောသွားခဲ့ပါတယ်။

 Carrick ပြောခဲ့သလိုပဲ  အသက်၁၉ နှစ်အရွယ် ပြင်သစ်သားလေး
Martial ရဲ့ခြေစွမ်းကကြောက်မက်ဖွယ်ကောင်းနေဦးမလား ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။

(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment