Powered by Blogger.

မန်ယူအသင်းနည်းပြ Louis van Gaal ၏ နည်း ဗျူဟာများကို အသင်းသားအများစု နားမလည်နိုင်ဖြစ်နေ


မန်ယူအသင်းနည်းပြ  Louis van Gaal ဟာ သူ့ရဲ့ အုပ်ချုပ်မှုပုံစံကို နားမလည်ဖြစ်နေတဲ့ အသင်းသားတွေကြောင့် အကျပ်ရိုက်နေတယ်လို့ သိရပါတယ်။

The Times သတင်းစာရဲ့ ဖော်ပြချက်အရ သူ့ရဲ့ နည်းစနစ်ကို နားမလည်ဘူးလို့ပြောနေတဲ့ ကစားသမားတွေနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အတွင်းလူတွေရဲ့ ပြောကြားချက်တွေအရတော့ ယူနိုက်တက်ဟာ ကစားကွက်တွေနဲ့ အံမ၀င်ဖြစ်ခဲ့ပေမယ့်  Louis van Gaal ကတော့ ရာသီအစဖြစ်လို့ ရုန်းကန်နေရတယ်လို့ ထင်မြင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်   ယူနိုက်တက်ဟာ ရာသီအစ လေးပွဲမှာ ခုနစ်မှတ်အထိရယူထားနိုင်ပေမယ့် ပရီးမီးယားလိဂ်
မှာ  သုံးဂိုးသာရရှိခဲ့တာကတော့  Louis van Gaal  အတွက်စိတ်ပျက်စရာ ကောင်းလှပါတယ်။

ကစားသမားအများစုကတော့  van Gaal ရဲ့ နည်းဗျူဟာတွေဟာ သူတို့ရဲ့ ကြံ့ခိုင်မှုအပိုင်းတွေမှာ ဆိုးဆိုးရွားရွားဖြစ်စေခဲ့တယ်လို့ပြောပါတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်တွေတောင် သူ့ကြောင့် ပျောက်ဆုံးသွားတယ်ဆိုတဲ့အထိ စွပ်စွဲထားပါတယ်။

ဒါကြောင့် van Gaal အနေနဲ့ သူယုံကြည်တဲ့ နည်းဗျူဟာနဲ့ပဲ အောင်မြင်မှုကိုဆောင်ကျဉ်းပေးသွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။


( Paing AK )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref: Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment