Powered by Blogger.

ဆီးရီးယားဒုက္ခသည်အရေးအတွက် Arsenal ၊ Manchester United အပါအ၀င် ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ငွေလှူဒါန်း


ချန်ပီယံလိဂ်ဝင်အသင်းတွေဖြစ်တဲ့ Arsenal ၊ Chelsea ၊ Manchester City နဲ့ Manchester United လေးသင်းလုံးဟာ သူတို့ ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ်မှာ ရောင်းချရတဲ့ လက်မှတ်တိုင်းကနေ တစ်ပေါင်စီကို ဒုက္ခသည်တွေအတွက် ပြန်လည်လှူဒါန်းသွားဖို့ ကတိက၀တ်ပြုလိုက်ပါတယ်။

ချန်ပီယံလိဂ်အသင်းတွေအပြင်၊ ယူရိုပါလိဂ်ဝင် အင်္ဂလိပ်အသင်းတွေကလည်း လက်မှတ်ရောင်းရငွေတွေကို လှူဒါန်းသွားဖို့ ကတိပြုပြီးဖြစ်ပါတယ်။
ဒုက္ခသည်အရေးအတွက် တခြားဥရောပအသင်းတွေဟာလည်း ငွေတွေလှူဒါန်းခဲ့ပြီး ပေါ်တူဂီကလပ် Porto ၊ ဂျာမနီကလပ်အသင်း Schalke နဲ့ Bayern Munich တို့ ကလည်း အလားတူလှူဒါန်းမှုပြုသွားမှာဖြစ်ပါတယ်။

ယခုအဆိုပြုချက်ကို Arsenal အသင်း အလုပ်အမှုဆောင်အရာရှိချုပ် Ivan Gazidis က အင်္ဂလိပ်အသင်းတွေကိုယ်စား အဆိုတင်ခဲ့သာဖြစ်ပြီး ဥရောပကလပ်အသင်းအစည်းအရုံး ဥက္ကဌ Karl-Heinze Rummenigge က အသိအမှတ်ပြုလက်ခံပေးခဲ့တာဖြစ်ပါတယ်။

Arsenal အသင်းဟာ ၂၀၁၂ ခုနှစ်ကစပြီး ဆီးရီးယားဒုက္ခသည်ကလေးငယ်တွေအတွက် ပေါင် လေးသိန်းနီးပါး လှူဒါန်းပြီးဖြစ်ပြီး ငယ်ရွယ်တဲ့ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ အတွက် နောက်ထပ် ပေါင် လေးသိန်းနီးပါး ထည့်ဝင်လှူဒါန်းပြီးဖြစ်ပါတယ်။

Arsenal အသင်းဟာ အားကစားပစ္စည်းတွေကို လည်း လှူဒါန်းခဲ့ပြီး အီရတ်ဒုက္ခသည်စခန်းမှာ လက်ရှိဆောက်လုပ်နေတဲ့ ဘောလုံးကစားကွင်းနှစ်ခုကိုလည်း ထောက်ပံ့ပေးလျက်ရှိပါတယ်။
( Ye Wint )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment