Powered by Blogger.

ဒိုလေးကို ခေါ်ချင်ရင် ပီအက်စ်ဂျီအသင်းဟာ ပေါင်တစ်ဘီလျံလောက်သုံးစွဲမှ ရမယ်လို့ ပြောလိုက်တဲ့ Florentino Perez


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဖြစ်သူ Florentino Perez ဟာ  Ronaldo ကို လက်မှတ်ထိုးခအဖြစ်   ပေါင်တစ်ဘီလျံလောက်တော့ မဖြစ်မနေသုံးရမယ်လို့ပြောပါတယ်။

ပြင်သစ်လီဂူးချန်ပီယံတွေဟာ  Ballon d'Or ဆုပိုင်ရှင်  Ronaldo ကို ကာလရှည်ကြာ ချဉ်းကပ်နေခဲ့တာဖြစ်ပါတယ်။

 ပီအက်စ်ဂျီအသင်းဟာ  အသင်းမှာအနာဂတ်မရောမရာ ဖြစ်နေတဲ့ တိုက်စစ်မှူး  Ibrahimovic နေရာမှာ နာမည်ကျော်တိုက်စစ်မှူးတစ်ဦးနဲ့

အစားထိုးနေချင်နေတာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ကာတာတော်ဝင်မိသားစုက ပိုင်ဆိုင်ပြီးတဲ့နောက်မှာ ငွေကိုရေလိုသုံးပြီး နာမည်ကျော်ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။

 ဒါကြောင့်ပဲ
 Florentino Perez က " Ronaldo  ကို ခေါ်ယူချင်ရင်တော့  ပီအက်စ်ဂျီအသင်းဟာ ပြောင်းရွှေ့ကြေးစံချိန်ကို ထပ်မံချိုးဖျက်နိုင်မှ ရပါလိမ့်မယ်။ ဒါ့အပြင်

စာချုပ်လျော်ကြေးအဖြစ် ပေါင်တစ်ဘီလျံလောက် ပေးရပါလိမ့်မယ်။
၂၀၁၆ အပြောင်းအရွှေ့မှာ တော့ သူ့ကိုထုတ်ရောင်းမှာ မဟုတ်ပါဘူး။ သူ့ရဲ့ စာချုပ်က သုံးနှစ်အထိ သက်တမ်းကျန်နေပါသေးတယ်" လို့ပြောပါတယ်။
 Ronaldo ဟာ ကမ္ဘာ့ လူကြိုက်အများဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်ရုံမကပဲ ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမားတစ်ယောက် ထပ်ဖြစ်လာမလားဆိုတာ

စောင့်ကြည့်ရပါတော့မယ်။

ကမ္ဘာ့ဈေးအကြီးဆုံး အပြောင်းအရွှေ့တွေကော ထပ်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းလို့နေပါတော့တယ်။


( Paing AK )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment