အဲဗာတန်နည်းပြ Roberto Martinez ဟာ သူ့အသင်းရဲ့ အဓိကနောက်ခံလူ John Stones ကို
ခေါ်ယူဖို့ စိတ်အားထက်သန်နေတဲ့ ချယ်လ်ဆီးနည်းပြ Jose Mourinho ကြားမှာ
မည်သည့်ပြဿနာမှမရှိပါဘူး လို့ပြောပါတယ်။
Roberto Martinez ဟာ မာဆေးဆိုက် နောက်ခံလူ John Stones ရဲ့ခြေစွမ်းမတည်ငြိမ်ရခြင်းရဲ့
အဓိကတရားခံဟာ ဒီပေါ်တူဂီိသားနည်းပြရဲ့ အပြောင်းအရွှေ့ ပယောဂတွေကြောင့်ဖြစ်တယ်လို့
စွပ်စွဲပြောကြားခဲ့ဖူးပါတယ်။
" ကျွန်တော်ဟာ လာမယ့် စနေနေ့ပွဲမှာ သူ့ကို လက်ဆွဲနှုတ်ဆက်သွားမှာပါ။
ကျွန်တော်တို့အသင်းမှာ ရှိတဲ့ အင်္ဂလန်လူငယ်အများစုကို ပြိုင်ဘက်အသင်းတွေက
စိတ်ဝင်စားလာတာကို လက်ခံနိုင်ပါတယ်လို့ " Roberto Martinez ကပြောကြားခဲ့ပါတယ်။
မီဒီယာတွေက သူ့ကို စနေနေ့မှာ ကစားမယ့် ချယ်လ်ဆီးနဲ့ပွဲမှာ သူ့ကို
ထည့်သွင်းကစားမှာလားဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။
သူဟာ အခုလိုဖိအားများနေတဲ့ကာလမှာတောင် အကောင်းဆုံး ကစားနိုင်ပါလိမ့်မယ်လို့ Roberto
Martinez က ထပ်လောင်းပြောပြခဲ့ပါသေးတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref: Goal.com
0 comments :
Post a Comment