Powered by Blogger.

ဒီတစ်ပတ်အတွက် စိတ်ဝင်စားစရာပွဲကြို ခန့်မှန်းမှု


မနက်ဖြန်ညမှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့

ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းမှုကို သစ်ထူးလွင်အားကစားက တင်ဆက်ပေးမှာဖြစ်ပါတယ်။
အင်္ဂလန်ဒါဘီလို့ တင်စားရတဲ့ ဒီနှစ်သင်းဟာ စနေနေ့ညမှာ မန်ယူအသင်းရဲ့ အိမ်ကွင်း Old

Trafford မှာ ယှဉ်ပြိုင်သွားမှာပါ။ ကွင်းလယ်ဒိုင်အဖြစ် M. Oliver ကတာဝန်ယူပေးသွားမယ်လို့

သိရပါတယ်။ ဒီနှစ်သင်းလုံးဟာ လမ်းကြောင်းမှန်ပေါ်ရောက်ရှိဖို့အတွက် ရုန်းကန်နေရပါတယ်။
အပြောင်းအရွှေ့နောက်ဆုံးရက်အထိ လှုပ်ရှားမှုတွေရှိခဲ့တဲ့ မန်ယူအသင်းဟာ လိုအပ်နေတဲ့

တိုက်စစ်အတွက် လူငယ်တိုက်စစ်မှူး Martial ကို စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့

ခေါ်ယူအားဖြည့်ထားပါတယ်။ နည်းပြ Van Gaal ကလည်း သူ့ရဲ့ပြဿနာတွေရှိခဲ့တဲ့နည်းဗျူဟာနဲ့

 လီဗာပူးလ်ကို မဖြစ်မနေ အနိုင်ကစားဖို့ ဖိအားတွေရှိနေပါတယ်။ဂိုးပြန်မြူးလာတဲ့ Rooney နဲ့

လူငယ်တိုက်စစ်Martial  ဦိးဆောင်လာမယ့် တိုက်စစ်ကို စောင့်ကြည့်ရပါလိမ့်မယ်။ Carrick

မပါဝင်တဲ့ ကွင်းလယ်ကလည်း စောင့်ကြည့်ချင်စရာကောင်းပါတယ်။ Darmian နဲ့ Depay ကတော့

ခြေစွမ်းအတော်ငြိမ်ပါတယ်။ Depay နဲ့ Rooney အတွဲက လီဗာပူးလ် ခံစစ်ကို

ခြိမ်းခြောက်နိုင်ပါတယ်။ Set pieces တွေ ဖျက်ထုတ်ပုံ အားနည်းတဲ့ မန်ယူနောက်တန်းကိုတော့

ယုံလို့မရသေးပါဘူး။



 လီဗာပူးလ် အသင်းနည်းပြ Rodger ကလည်း ပြီးခဲ့တဲ့အပတ်က ၀က်စ်ဟမ်းအသင်းကို

အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့လို့ ဖိအားတွေရှိနေပြန်ပါတယ်။
 Coutinho ရဲ့ အသက်ကယ်ဂိုးတွေနဲ့ အသက်ဆက်နေရတဲ့ လီဗာပူးလ် တိုက်စစ်က

အားရစရာတော့ မရှိသေးပါဘူး။ Sturridge ကလည်း ပါနိုင်ပါ့မလားဆိုတာ မသေချာသေးပါဘူး။

ကွင်းလယ်လူ  Jordan Henderson  ကလည်းဒဏ်ရာကြောင့် မပါဝင်နိုင်ပါဘူး။ ကွင်းလယ်က

ဖန်တီးမှု အပိုင်းအတော်လေး အားနည်းနေတာတွေ့ရပါတယ်။ ခံစစ်ပိုင်းကလည်း အထိုင်ပျက်ပြီး

အမှားများနေတယ်။
အဲ့ဒါကြောင့် မန်ယူနိုင်တော့နိုင်မယ်ဂိုးတော့မပြတ်နိုင်ပါဘူး။



(Paing A K)
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment