Powered by Blogger.

Ronaldo က သူ့ရဲ့ ပထမဆုံးရေမွှေးကို စတင်မိတ်ဆက်



ရီးရဲလ်မက်ဒရစ်အသင်းရဲ့  တိုက်စစ်မှူး Cristiano Ronaldo ဟာ သူ့ရဲ့ပထမဆုံးရေမွှေးဖြစ်တဲ့
'Cristiano Ronaldo Legacy' လို့ ကင်ပွန်းတပ်ထားတဲ့ရေမွှေးကို စတင်ပြသလိုက်ပြီဖြစ်ပါတယ်။

ပေါ်တူဂီသား Cristiano Ronaldo ကတော့  နောက်ပိုင်းမှာ  သူဘောလုံးလောက , ကနေ

အနားယူသွားရင် ဒီရေမွှေးကို သူရဲ့ လက္ခဏာအဖြစ်နဲ့ ဆက်ရှိနေဖို့ဆိုတဲ့

ရည်ရွယ်ချက်နဲ့ထုတ်လုပ်တယ်လို့ဆိုပါတယ်။

တစ်စုံတစ်ယောက်ဟာ ဒီရေမွှေးကို ဆွတ်လိုက်တာနဲ့ မိမိရဲ့ ကစားဟန်တွေ ဂိုးတွေကို

ပြန်လည်အမှတ်ရနေစေလိုတယ်လို့လည်း  ပြောပါတယ်။ ဒါဟာ သူ့ရဲ့ ငယ်ငယ်တည်းက

ဆန္ဒတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။

ကျွန်တော့်ရဲ့ရေမွှေးကို ကျွန်တော့်ရဲ့ နာမည်ကို သုံးထားပါတယ်။ဘာလို့လဲဆိုတော့
ကျွန်တော်ဟာ လူတိုင်းရဲ့အမှတ်သညာတစ်ခုအနေနဲ့ ကျန်နေစေချင်ပါတယ်။ ဒီရေမွှေးကြောင့်

ကျွန်တော်ဟာ လူတိုင်းနဲ့ ပိုမိုနီးကပ်သွားသလို ခံစားမိပါတယ်လို့  Ronaldo ကဆိုပါတယ်။

သူဟာ ဒီရေမွှေး အတွက် ကြော်ငြာတစ်ခုကိုလည်း ရိုက်ခဲ့တယ်လို့ဆိုပါတယ်။
သူ့ပရိတ်သတ်တွေကတော့ ဒီရေမွှေးကို ၀ယ်ယူဖို့ စိုင်းပြင်းနေတယ်လို့လည်းသိရပါတယ်။

(Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment