Powered by Blogger.

စပါးအသင်းနှင့်ပွဲအတွက် စမ်းသပ်ခံရန် အသင့်ဖြစ်နေပြီဟု မန်စီးတီးကွင်းလယ်လူ Kevin De Bruyne ပြော




မန်စီးတီးကွင်းလယ်လူ Kevin De Bruyne က စပါးအသင်းနှင့်ပွဲအတွက် အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။

မန်စီးတီးအသင်းဟာ Capital One ဖလားပြိုင်ပွဲမှာ ဆန်းဒါးလန်းအသင်းကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဲ့ဒီပွဲမှာ Kevin De Bruyne က အထူးခြေစွမ်းပြပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Kevin De Bruyne ဟာယခုနွေအပြောင်းအရွှေ့မှာ  မန်စီးတီးကို ဝုလ်ဖ်ဘတ်အသင်းကနေ ပေါင်သန်း ၅၀ ဝန်းကျင်နဲ့  ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သူဟာအသင်းကိုရောက်ရှိစဉ်မှာ အသားကျဖို့ ရုန်းကန်နေခဲ့ရပြီး Capital One ဖလားပွဲမှာ အသင်းဖော်တွေနဲ့အကောင်းဆုံး နားလည်မှု ရရှိလာပြီပဲဖြစ်ပါတယ်။

ဒါကြောင့်  Kevin De Bruyne  က စပါးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်နေပြီး စမ်းသပ်ခံဖို့ အသင့်ဖြစ်နေပြီလို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့်စနေနေ့မှာ စပါးအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

စပါးအသင်းဟာလည်း ပရီးမီးယားလိဂ်မှာ ရလဒ်ပြန်ကောင်းလာပြီ ဖြစ်တာကြောင့် မန်စီးတီးအသင်းအနေနဲ့ ခက်ခဲတဲ့ပြိုင်ဘက်ကို ကျော်ဖြတ် နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : mcfc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment