Powered by Blogger.

ဘာစီလိုနာနောက်တန်းကို သင်ခန်းစာပေးခဲ့တဲ့ ဆယ်လ်တာဗီဂို




ဗုဒ္ဓဟူးနေ့ညက ယှဉ်ပြိုင်ခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဆယ်လ်တာဗီဂိုအသင်း၏ တန်ပြန်တိုက်စစ်ဆင်မှုများက ကတ်တလန်သားတို့၏ အစွယ်ကိုရိုက်ချိုးနိုင်ခဲ့သည်။ ယင်းပွဲစဉ်တွင် ဘာစီလိုနာအသင်းသည် အဝေးကွင်းတွင် လေးဂိုး တစ်ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့်နည်းပြ Luis Enrique က "ကျွန်တော်တို့အသင်းဟာ တိုက်စစ်ဆင်ရင်း သူတို့ရဲ့ Counter attack တွေကို မထိန်းချုပ်နိုင်ဘဲ ဂိုးတွေပေးလိုက်ရပါတယ်။ ဆယ်လ်တာရဲ့ တန်ပြန်တိုက်စစ်ထက်မြက်မှုကတော့ အံ့မခန်းပါပဲ" လို့ပြောသွားခဲ့ပါတယ်။

အဲ့ဒီပွဲမှာ ဆယ်လ်တာဗီဂိုရဲ့ တိုက်စစ်မြှားတွေဖြစ်တဲ့ Nolito နဲ့ Iago Aspas တို့ဟာ တန်ပြန်တိုက်စစ်တွေကတစ်ဆင့် Pique ဦးဆောင်တဲ့ ဘာကာခံစစ်တံတိုင်းကို ပါးပါးနပ်နပ်နဲ့ ချိုးဖျက်သွားခဲ့ပါတယ်။

ပထမဂိုးကိုတော့ တောင်ပံတိုက်စစ်ကစားသမား Nolito က မထင်မှတ်တဲ့အနေအထားကနေ ကန်သွင်းခဲ့ပြီး ဒုတိယဂိုးကို Iago Aspas က ဂိုးသမားကို ကျော်ချပြီး တတိယဂိုးကိုလည်း သူကပဲ ဘာကာနောက်တန်းကို ပါးပါးနပ်နပ်နဲ့ပဲ ကျော်ဖြတ်သွင်းယူခဲ့တာပါ။

စတုတ္ထဂိုးကို တန်ပြန်တိုက်စစ်ကနေပဲ တောင်ပံကစားသမား Guidetti ကပဲ နောက်တန်းတွေ အငိုက်မိအနေအထားမှာ သွင်းယူခဲ့ပြီး ဘာကာအတွက် နှစ်သိမ့်ဂိုးကိုတော့ Neymar က သွင်းယူပေးခဲ့တာပါ။

ဒါကြောင့် ဘာကာနောက်တန်းဟာ သင်ယူစရာတွေအများကြီး ရရှိသွားခဲ့တယ်လို့ ဆိုရပါမယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thihtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment