Powered by Blogger.

ပုံမှန်ကစားဟန် ပြန်ရဖို့အတွက် အချိန်ပြန်ယူရမယ်လို့ ဆိုတဲ့ Ibrahimovic




ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းရဲ့ ဆွီဒင်နိုင်ငံသား နာမည်ကျော်တိုက်စစ်မှူး Ibrahimovic ဟာ သူ့ရဲ့ပုံမှန်ကစားဟန်ကို ပြန်ရဖို့အချိန်ယူ ပြင်ဆင်ရတော့မယ်လို့ ပြောပါတယ်။

သူဟာ ဒီရာသီမှာ လေးပင်နေတဲ့ကစားဟန်ကြောင့် ဝေဖန်မှုအများအပြားကိုခံနေရပါတယ်။

သူဟာ ယခုရာသီမှာ ဒဏ်ရာပြသနာ တွေနဲ့ ရုန်းကန်နေရပြီး လီဂူးပွဲစဉ်လေးပွဲကို လွဲချော်ထားပါတယ်။ အသက် ၃၃နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရယူနိုင်ပြီး ဂိုးတွေပြန်သွင်းနိုင်ဖို့ ပွဲများများကစားဖို့လိုတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် Ibrahimovic ဟာ အင်္ဂါနေ့က ကစားခဲ့တဲ့ ဂူအင်ဂမ့် ကို သုံးဂိုးပြတ်နဲ့ အနိုင်ရတဲ့ ပွဲမှာ တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

"ကျွန်တော် အနိုင်ဂိုးသွင်းနိုင်ခဲ့လို့ ပျော်မိပါတယ်။ ကျွန်တော်တို့အသင်းဟာ ပုံစံကောင်းကို ဆက်ထိန်းထားမှာပါ။ အသင်းကို ပိုပြီးတောင့်တင်းလာဖို့ အစွမ်းကုန်ကြိုးဟစားသွားမှာပါ" လို့ပြောပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ နောက်ထပ်တိုက်စစ်မှူးဖြစ်တဲ့ ဥရုဂွေးနိုင်ငံသား Edinson Cavani ဟာလည်း ဂိုးပေါက်တွေပျောက်ဆုံးနေလို့ ဝေဖန်ခံနေရပါသေးတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment