Powered by Blogger.

စပါးနဲ့ပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ကွင်းလယ်လူ Flamini ဟာ Giroud ထက်ပိုကောင်းတယ်လို့ ပရိသတ်အများစုပြော




ဗုဒ္ဓဟူးနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ စပါးအသင်းနဲ့ Capital One ဖလားပြိုင်ပွဲမှာ အသင်းအတွက် အရေးပါတဲ့ ဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ Mathieu Flamini ကို တိုက်စစ်မှူး Giroud ထက်ပိုကောင်းတယ်လို့ ပရိသတ်အများစုက သူတို့ရဲ့ တွစ်တာစာမျက်နှာတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

ကွင်းလယ်လူ  Mathieu Flamini ဟာ သူပွဲထွက်ကစားခွင့်ရတဲ့ပွဲမှာတင် ဂိုးနှစ်ဂိုးကို သွင်းယူခဲ့ပြီး ပရိသတ်တွေက တိုက်စစ်မှူး Giroud ရဲ့နေရာမှာ သူ့ကို ထည့်သွင်း ကစားဖို့ အကြံပြုခဲ့ကြပါတယ်။

Felix လို့ အမည်ရတဲ့ အာဆင်နယ် ပရိတ်သတ်က သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ " Flamini at ST > Giroud at ST " ဆိုပြီးရေးသားထားပါတယ်။

သူ့လိုပဲအခြားသော ပရိတ်သတ်တွေကလည်း " I worked it out. Play Flamini for Giroud " , " Now we want Flamini upfront please. Drop Giroud " , " Flamini is officially more clinical than Giroud " ဆိုပြီး သူတို့ရဲ့ သက်ဆိုင်ရာ တွစ်တာစာမျက်နှာတွေမှာ ရေးသားခဲ့ကြတာပါ။

စပါးနဲ့ ပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ကွင်းလယ်လူ Mathieu Flamini ဟာ နှစ်ဂိုးသွင်းယူပြီးနောက်မှာ ယခုနှစ်အာဆင်နယ်အသင်းရဲ့ ဂိုးသွင်းအများဆုံးနေရာမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့  Walcott ,  Giroud တို့နဲ့အတူ နှစ်ဂိုးစီနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

တိုက်စစ်ကစားသမားတွေ တာဝန်မကျေတဲ့ အာဆင်နယ် အသင်းမှာ အဆုံးသတ်ကောင်းတဲ့ကွင်းလယ်လူ Mathieu Flamini ကို တိုက်စစ်မှူးအနေနဲ့ ကစားခိုင်းမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment