Powered by Blogger.

စပါးနဲ့ မန်စီးတီး ပွဲစဉ် အပါအ၀င် စနေနေ့အတွက် စိတ်ဝင်စားစရာ ခန့်မှန်းမှု




ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ စနေနေ့ ပွဲစဉ်တွေမှာတော့ စပါးနဲ့ မန်စီးတီးတို့ရဲ့ ပွဲကြီးပွဲကောင်းက ပါဝင်လာခဲ့ပြန်ပါတယ်။ ဒါ့အပြင်ရှုံးပွဲမရှိသေးတဲ့ လက်စတာနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ကိုပါ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရအုံးမှာပါ။

စပါးအသင်းကတော့နောက်ပိုင်းမှာ တောင်ကိုးရီးယားသား Son-heung Min ရဲ့ခြေစွမ်းပြမှုနဲ့အတူ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ပြန်ရရှိလာတဲ့ အသင်းပါ။

မန်စီးတီးကလည်း တိုက်စစ်မှူး Aguero ပြန်ပါလာပြီးတဲ့နောက်မှာ အကောင်းဆုံးပုံစံကို Capital One ဖလားပွဲမှာ ပြသခဲ့ပါတယ်။ Silva ကတော့မပါဝင်နိုင်သေးပေမယ့် De bruyne , Sterling  တို့ လူငယ်ကွင်းလယ်အတွဲကတော့ ခြေစွမ်းတွေပြနေပါတယ်။

စပါးကလည်း တိုက်စစ်မှူး Harry Kane တို့ တိုက်စစ်ကလည်းလျှော့တွက်လို့ မရပေမယ့် နောက်တန်းက ကစားပုံအမှားတွေက စောင့်ကြည့်ချင်စရာပါ။ ဒီလိုအမှားများတတ်တဲ့ ခံစစ်က မန်စီးတီးတိုက်စစ်ကို တောင့်ခံနိုင်မယ်မထင်ပါဘူး။ မန်စီးတီးနဲ့ ဂိုးအနည်းရွေးထားတာ သေချာမယ် ထင်ပါတယ်။

နောက်တစ်ပွဲအနေနဲ့ လက်စတာနဲ့ အာဆင်နယ်ပွဲကို သုံးသပ်ပေးပါ့မယ်။ လက်စတာကတော့
Vardy  , Shinji Okazaki တို့ရဲ့ ခြေစွမ်းပြမှုတွေနဲ့ ဂိုးတွေရယူနေပါတယ်။ နည်းပြ  Claudio Ranieri ကလည်း အသင်းကြီးအများစုကိုတောင် ကိုင်တွယ်ခဲ့တဲ့ အတွေ့အကြုံရင့် နည်းပြဖြစ်တာကြောင့် အသင်းကို ကောင်းကောင်းထိန်းကျောင်းထားနိုင်ပြီး အကောင်းဆုံးတစ်နေရာကို ပို့ပေးထားတာပါ။

အာဆင်နယ်အသင်းကတော့ နောက်ဆုံးပွဲမှာ ကံမကောင်းခဲ့ဘဲ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တာပါ။
နည်းပြ Arsene Wenger ကလည်း ယခုလတ်တလောမှာ ဇနီးသည်ကိုတောင် ကွာရှင်းပြီး အလုပ်ကိုအာရုံစိုက်ထားခဲ့တာပါ။ အသင်းလည်း Capital One ဖလားမှာ လန်ဒန်ပြိုင်ဘက် စပါးကို အနိုင်ယူခဲ့တာကြောင့် စိတ်ဓာတ်ကအမြင့်ဆုံး အနေအထားတစ်ရပ်မှာ ရှိနေပါတယ်။

တိုက်စစ်ကစားပုံကတော့ အားရစရာမရှိသေးဘဲ  ကွင်းလယ်လူတွေရဲ့ ဂိုးတွေနဲ့ အသက်ဆက်နေရတာပါ။
လက်စတာကလည်း အိမ်ကွင်းဖြစ်တာကြောင့် ဖွင့်ကစားသွားမှာပါ။ အာဆင်နယ်ကလည်း အနိုင်သုံးမှတ်ရအောင် ကျားကုတ်ကျားခဲ ကစားမယ့်ပုံမှာရှိတယ်။ ခန့်မှန်းမိတာကတော့ အပြန်အလှန်သွင်းဂိုးတွေကြောင့် ဂိုးပေါင်းများပြီး လက်စတာနဲ့ နေတာကောင်းမယ်။

နောက်ထပ်အပိုင်တစ်ပွဲအနေနဲ့ မန်ယူနဲ့ ဆန်းဒါးလန်းပွဲကို ရွေးပေးချင်ပါတယ်။ မန်ယူကတော့ Martial ရောက်လာတဲ့နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပြန်ကောင်းလာပါတယ်။ လိုနေတဲ့ အဆုံးသတ်ပိုင်းမေးခွန်းအတွက် Martial က အဖြေဖြစ်ခဲ့တာကြောင့် မန်ယူအတွက် အားတက်စရာဖြစ်ခဲ့တယ်။

ကွင်းလယ်ကတော့ အကောင်းဆုံးထောက်ပံ့ပေးနေနိုင်တယ်။ Mata , Herrera က ကွင်းလယ်မှာ တာဝန်ကျေတဲ့ အပြင် ဂိုးတွေပါ လိုသလိုသွင်းပေးနေနိုင်တာက ပိုအားရစရာပဲ။ ဆန်းဒါးလန်းကတော့ အဆိုးရွားဆုံးအနေအထားကိုရောက်နေတယ်။ နိုင်ပွဲလုံးဝမရသေးဘူး။ မန်ယူကတော့ အိမ်ကွင်းမှာ ဆန်းဒါလန်းကို ဂိုးပြတ်သွင်းပြီး အောင်ပွဲခံပြအုံးမယ် ထင်ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : EPL
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment