မန်ယူ အသင်းတိုက်စစ်မှုး Javier Hernandez သုံးနှစ်စာချုပ်နဲ လီဗာကူဆင် အသင်း ကို ပြောင်းရွှေ့ 
မန်ချက်စတာ ယူနိုက်တက် အသင်း တိုက်စစ်မှူး Javier Hernandez ဟာ နည်းပြဖြစ်သူ Louis van Gaal ရဲ့ ပစ်ပယ်မှုကိုခံရအပြီးမှာ ဘွန်ဒက်စ်လီဂါအသင်း လီဗာကူဆင် ကို သုံးနှစ်စာချုပ်နဲ့ ရောက်ရှိသွားပြီဖြစ်ပါတယ်။
လီဗာကူဆင် ဟာ Hernandez အတွက် ပြောင်းရွှေ့ ကြေး ပေါင် ၁၂ သန်းခန့် သရဲနီတို့ ကို ပေးခဲ့ရကြောင်း သိရှိရပါတယ်။ Hernandez ဟာ လွန်ခဲ့တဲ့ရာသီတုန်းက ရီးရဲ မက်ဒရစ် အသင်းမှာ အဌား စာချုပ်နဲ့ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
ယခုရာသီ မန်ယူ တိုက်စစ်မှူး Robin van Persie နဲ့ Radamel Falcao တို့ ထွက်ခွာပြီးမှာ Hernandez တစ်ယောက် အသင်းမှာ နေရာပြန်ရလိမ့်မယ်လို့ မျှော်မှန်းထား ပေမယ့် နည်းပြ Louis van Gaal က Hernandez ကို ထွက်ခွာခွင့်ပေးလိုက်တာဖြစ်ပါတယ်။
Hernandez ထွက်ရှိမှုကြောင့် အဓိကတိုက်စစ်မှူးအနေနဲ့ Wayne Rooney သာ ကျန်ရှိတော့ပြီး James Wilson ကလည်း ဦးစားပေးထည့်သွင်းကစားဖို့ အတွေ့ အကြုံနုနယ်သေးပါတယ်။ Van Gaal ဟာ ကွင်းလယ်ကစားသမား Felliani ကို ယခုရာသီမှာ ကွင်းလယ်မှာ မထားဘဲ တိုက်စစ်မှူးအသွင်ကစားခိုင်းမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
Hernandez ဟာ ၂၀၁၀ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကို စတင်ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၁၀၃ ပွဲ ပါဝင်ကစားခဲ့ကာ အသင်းနဲ့ အတူ ဖလားနှစ်လုံးရရှိခဲ့ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref: ibtimes
0 comments :
Post a Comment