Powered by Blogger.

ပေါင် မှာ ထိခိုက်ထားတဲ့ ဒဏ်ရာကြောင့် ပွဲစဉ်အချို့ကို လွဲချော်ဖွယ် ရှိတဲ့ C.Benteke




လီဗာပူး အသင်းရဲ့ တိုက်စစ်မှုး Christian Benteke ဟာ ပေါင် မှာ ထိခိုက်ဒဏ်ရာ ရရှိမှု ကြောင့် ကြာသပတေး နေ့မှာ ဘယ်လ်ဂျီယံ နဲ့ ဘော့စနီးယား တို့ ယှဉ်ပြိုင်ကစားမယ့် Euro 2016 ခြေစစ်ပွဲ ပွဲစဉ် ကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

စတာလင်ပေါင် ၃၂.၅ သန်းတန် တိုက်စစ်မှုးဟာ စနေနေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးအသင်းက ၀က်စ်ဟမ်း အသင်းကို ၃ဂိုး-ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး လက်ရွေးစင် အသင်းရဲ့ ထရိန်နင် ကိုပင် သွားရောက်မလေ့ကျင့် နိုင်တော့တဲ့ အဖြစ်ကိုရောက်ခဲ့တာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေ စစ်ဆေးကြည့်တဲ့အခါမှာတော့ Benteke ရဲ့ ဒဏ်ရာ ဟာ အသေးအမွှားသာ ဖြစ်ပြီး လီဗာပူး အသင်းကတော့ သူ့ကို လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့ အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ သွားရောက်ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အမှီ ပြန်လည် ကောင်းမွန်လာစေချင်နေပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းကလည်း အကယ်၍ Benteke ဟာ ကြာသပတေးနေ့မှာ ယှဉ်ပြိုင်မယ့် ခြေစစ်ပွဲကို ၀င်မကန်နိုင်ရင်တောင်မှ တနင်္ဂနွေနေ့ ဆိုင်းရပ်စ် နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ ၀င်ကန်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

Benteke ဟာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာပဲ အက်စတွန်ဗီလာ အသင်းကနေ လီဗာပူး အသင်းကို ပြောင်းရွှေ့ကြေး အမြောက်အများ နဲ့ ပြောင်းရွှေ့လာပြီးတဲ့နောက် ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူး အသင်းအတွက် ၄ ပွဲ ကစားပေးခဲ့ပြီး ၁ ဂိုးသွင်းယူပေးထားပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment