အိုးထရက်ဖို့ဒ် ကွင်းမှာ သောင်းကျန်းနေတဲ့ ကြွက်တွေကြောင့် မန်ယူ အသင်းကို ပတ်ဝန်းကျင်ကျန်းမာရေးအရာရှိတွေ ဝေဖန်ပြစ်တင်
မန်ချက်စတာယူနိုက်တက် အသင်းပိုင် ဘောလုံးကွင်း အိုးထရက်ဖို့ဒ် ကွင်း မှာ ကြွက်ပြဿနာကို မဖြေရှင်းနိုင်တဲ့ အတွက် အသင်းလူကြီးတွေကို အစားအသောက်နှင့်ကျန်းမာရေးစစ်ဆေးမှုအရာရှိတွေက ဝေဖန် ပြစ်တင်လိုက်ပါတယ်။
ဘောလုံးကွင်းရဲ့ မီးဖိုချောင်းတွေထဲကို အဖျက်တိရိစ္ဆာန်ပိုးမွှားတွေ ၀င်ရောက်မှု ကို ကလပ်အသင်းဟာ ကာကွယ်နိုင်မှုမရှိကြောင်း အစားအသောက်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးစစ်ဆေးမှုအစီရင်ခံစာ တစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။
အိုးထရက်ဖို့ ဒ်ကွင်းဟာ ကြွက်ပြဿနာကို ကာလကြာရှည်တွေ့ ကြုံနေရပြီး မကြာသေးခင်က မန်ယူအသင်းတာဝန်ရှိသူတွေဟာ မြောက်ဘက်နဲ့ တောင်ဘက် ပွဲကြည့်စင်တွေက ကြွက်တွေရဲ့ ပြသနာကို ဖြေရှင်းဖို့ အတွက် အဖျက်တိရိစ္ဆာန်ဖယ်ရှားရေးလုပ်ငန်းတွေကို ခေါ်ယူအကူအညီတောင်းခဲ့ ရပါတယ်။
အိုးထရက်ဖို့ ဒ်ကွင်းရဲ့ Red Café မီးဖိုချောင်အနောက်ဘက်၊ အလယ်တည့်တည့်က ရေမြောင်းက တိရိစ္ဆာန်တွေ ၀င်ရောက်မှုကို သေချာမတားဆီးနိုင်ဘဲ အဖျက်တိရိစ္ဆာန်တွေဟာ ရေမြောင်းပေါက်ကနေတဆင့် မီးဖိုချောင်ထဲကို ၀င်ရောက်နေကြကြောင်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
၂၀၁၀ ခုနှစ်က မန်ယူအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ ပွဲစဉ်မှာ ကွင်းမြက်ခင်းပြင်အတွင်း ပြေးလွှားနေတဲ့ ကြွက်တစ်ကောင်ကို မြင်တွေ့ ခဲ့ရပါတယ်။
လွန်ခဲ့တဲ့လေးနှစ်တုန်းကလည်း အိုးထရက်ဖို့ ဒ်မှာကန်ခဲ့တဲ့ ဘာတွန်အယ်ဘီယွန်အသင်းနဲ့ FA ပွဲစဉ်မှာလည်း ကြွက်တွေကို မြင်တွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါပွဲအပြီးမှာ ဘာတွန်အသင်းနောက်ခံလူ Ryan Austin က “ ကျွန်တော် ကွင်းကို ငုံ့ ကြည့်လိုက်တဲ့ အချိန်တိုင်း ကြွက်တစ်ကောင်ကို တွေ့ ပါတယ်။ အိုးထရက်ဖို့ ဒ်မှာ ကြွက်တွေ အများကြီးပဲ” လို့ ပြောခဲ့ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref: Mirror
0 comments :
Post a Comment