Powered by Blogger.

အာဆင်နယ် ကစားသမား Chamberlain ကို ဂါလာတာစာရေး အသင်းက ခေါ်ယူဖို့ ကြိုးစား




တူရကီ ဘောလုံး ကလပ် အသင်း တစ်သင်းဖြစ်တဲ့ ဂါလာတာစာရေး ဟာ အာဆင်နယ် ကြယ်ပွင့် Alex Oxlade Chamberlain ကို အပြောင်းအရွှေ့ ကာလ ပြီးလုပြီးခင် လေးမှာပဲ ကြီးမားတဲ့ ကမ်းလှမ်းမှု တစ်ခုပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

ဂါလာတာစာရေး အသင်းဟာ အင်္ဂလန် လက်ရွေးစင် ကစားသမား Chamberlain ရဲ့ အခြေအနေတွေကို ဆက်သွယ်စုံစမ်းနေပြီး သူ့ကို ခေါ်ယူနိုင် အောင် ကြိုးစားဖို့လည်း ဆုံးဖြတ်ခဲ့ပြန်ပါတယ်။

ပြင်သစ် အေးဂျင့်တစ်ယောက်ဟာ အာဆင်နယ်အသင်းမှာ စာချုပ်သက်တမ်း ၃ နှစ်တိတိ ကျန်ရှိနေသေးတဲ့ အသက် ၂၂ နှစ်အရွယ်ကစားသမား  Chamberlain အတွက် ပြောင်းရွှေ့ကြေးသတ်မှတ်နိုင်ဖို့ စီစဉ်ပေးနေပါတယ်။ ဂါလာတာစာရေး အသင်းဟာလည်း ဒီ အပြောင်းအရွှေ့ကာလ ထက် အနာဂါတ်ကို ပိုပြီးတွေးမိတဲ့အတွက် အခု ခေါ်ယူမှုကို အလေးအနက်ထားနေပါတယ်။ သူတို့ မှာ ငွေကြေးကလည်း အလုံအလောက်ရှိနေပါတယ်။

ပြောင်းရွှေ့ကြေး မသတ်မှတ်ရသေးပေမယ့်လည်း ဂါလာတာစာရေး ဘက်က ကမ်းလှမ်းနိုင်ဖွယ်ရှိတဲ့ ပြောင်းရွှေ့ကြေးဟာလည်း တူရကီဘောလုံးလောက အတွက် အကြီးဆုံး အရာတစ်ခု ဖြစ်လာမှာပါ။  တူရကီ ကလပ် အသင်းတွေဟာ များသောအားဖြင့် အသက် ၂၀ ကျော် နဲ့ အသက် ၃၀ အစတွေကို သာစာချုပ်ချုပ်ခေါ်ယူလေ့ရှိပါတယ်။ ဥပမာ - Robin van Persie ၊ Lukas Podolski နဲ့ Wesley Sneijder တို့လိုမျိုးပါ။

Chamberlain ကို လက်ရှိစာချုပ်နဲ့ ပတ်သက်ပြီး သက်တမ်းတိုးဖို့လည်း အာဆင်နယ် ဘက်က ကမ်းလှမ်းခြင်းမရှိသေး ဘူးလို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment