Powered by Blogger.

မိုနာကို တိုက်စစ်မှုး Anthony Martial ကို ပေါင် သန်း ၅၀ နဲ့ မန်ယူ ကမ်းလှမ်း




ပရီးမီးယားလိဂ် ထိပ်သီး အသင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြင်သစ် ကလပ် အသင်းတစ်သင်း ဖြစ်တဲ့ မိုနာကို အသင်းရဲ့ တိုက်စစ်မှုး Anthony Martial ကို စတာလင်ပေါင် သန်း ၅၀ နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှုးဟာ Ligue 1 မှာ ယှဉ်ပြိုင်နေတဲ့ မိုနာကို အသင်းကနေ ရွှေ့ပြောင်းချင်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတုန်းက Anthony Martial ဟာ Ligue 1 ပွဲစဉ် ၃၅ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၉ ဂိုးပဲ သွင်းနိုင်ခဲ့လို့ပါ။

လက်ရှိ ခွင့်ပြုပေးထားတဲ့ အပြောင်းအရွှေ့ကာလ ကတော့ အင်္ဂါနေ့ ညနေမှာ ရပ်နားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူ အသင်းရဲ့ ပဲ့ကိုင်ရှင် Louis van Gaal ဟာ အပြောင်းအရွှေ့ကာလ မပြီးဆုံးခင်မှာ တိုက်စစ်မှုး တစ်ယောက်ကို အသည်းအသန် ရှာဖွေနေတာပဲ ဖြစ်ပါတယ်.

မန်ယူ အသင်းရဲ့ တစ်ဦးတည်းသော တိုက်စစ်မှုး Wayne Rooney ဟာလည်း ဒီနှစ် ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက် နေသေးသလို Van Gaal ကလည်း မန်ယူ အသင်း ကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ပြန်လည် ရပ်တည်နိုင်စေဖို့အတွက် အရှိန်အဟုန်မြှင့်ချင်နေတာ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ လက်ရှိအနေအထားဟာ တနင်္ဂနွေနေ့ကပဲ ဆွမ်ဆီး အသင်းကို ၂ဂိုး-၁ဂိုး နဲ့ ရှုံးနိမ့်ခဲ့သလို လေးပွဲ ကစားပြီးချိန်မှာလည်း ၇ မှတ်သာ ရရှိထားကာ သွင်းဂိုးလည်း ၃ ဂိုးသာ ရှိပါသေးတယ်။

Anthony Martial ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေကတော့ ဆောင်ရွက်နေဆဲပဲ ဖြစ်သလို အသင်း ၂ သင်းရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေဟာ သဘောတူညီမှု အတွက် ပြောင်းရွှေ့ကြေးကို ညှိုနှိုင်းနေကြတယ်လို့လည်း သိရပါတယ်။ မန်ယူ အသင်းရဲ့ ဂန္တ၀င် ကစားသမား ဟောင်း Gary Neville ကတော့ တောင်ဝေလ အရပ်မှာ ဆွမ်ဆီး အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ မန်ယူ အသင်းဟာ တိုက်စစ်မှုး တစ်ယောက် အရေးပေါ်လိုအပ်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment