Powered by Blogger.

ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ချဲလ်ဆီးအသင်း လေးနေရာအထိ အပြောင်းအလဲပြုလုပ်မည်




ချဲလ်ဆီးနည်းပြမော်ရင်ဟိုဟာ ယနေ့ညမှာ ယှဉ်ပြိုင်မယ့် မက္ကာဘီတဲလ်အဗစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ပွဲဦးထွက်မှာ ပွဲထွက်လူစာရင်းကိုလေးနေရာလောက်အထိပြောင်းလဲ ပွဲထုတ်သွားမယ်လို့ မီဒီယာတွေကို ၀န်ခံခဲ့ပါတယ်။

ခြင်္သေ့ပြာတွေရဲ့ ပဲ့ကိုင်ရှင်ကတော့ အသင်းခေါင်းဆောင် John Terry အပါအ၀င် နောက်ခံလူ Branislav Ivanovic , ကွင်းလယ်လူ Matic နဲ့ တိုက်စစ်မှူး Diego Costa တို့ကို ချန်လှပ်သွားမယ်လို့  မီဒီယာတွေက ထင်မြင်ချက်ပေးနေကြပါတယ်။

အမှားများနေတဲ့ ညာနောက်ခံလူ Ivanovic နေရာမှာ Azpilicueta ကိုသုံးပြီး ဘယ်နောက်ခံနေရာမှာ နောက်ခံလူသစ် Baba Rahman ကိုထည့်သွင်းမယ်လို့သိရပါတယ်။

အခုနောက်ပိုင်းပွဲတွေမှာ Fabregas နဲ့အချိတ်အဆက်မမိဖြစ်နေတဲ့ Matic ရဲ့နေရာမှာ ကွင်းလယ်လူသစ် Loftus-Cheek ကို အစားထိုးမယ်လို့ သိရပါတယ်။

တိုက်စစ်မှူးနေရာမှာတော့ Loic Remy ကို Diego Costa  အစားအသုံးပြုပြီး အသက်အရွယ်အရကျလာတဲ့ အသင်းခေါင်းဆောင် John Terry  နေရာမှာ Gary Cahill ကိုအသုံးပြုပြီး Kurt Zouma နဲ့တွဲဖက်မယ်လို့ သတင်းအရင်းအမြစ်တွေအရ သိရှိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment