Powered by Blogger.

ချန်ပီယံလိဂ် ပွဲစဉ်(၁) ဒုတိယ နေ့ ပွဲစဉ်များကို ကြိုတင်ခံစားခြင်း




ပထမဆုံးအနေနဲ့ အုပ်စု (E)က ပွဲကြီးပွဲကောင်းတစ်ပွဲကို သုံးသပ်ပေးပါမယ်။

အီတလီထိပ်သီး ရိုးမားအသင်းနဲ့ ယခင်နှစ် ချန်ပီယံလိဂ်ချန်ပီယံ စပိန်ဘီလူး ဘာစီလိုနာတို့ရဲ့ ပွဲကို သုံးသပ်ပေးချင်ပါတယ်။ ရိုးမားအသင်းဟာ စီးရီးအေပွဲစဉ်တွေမှာ ခြေစွမ်းကပြန်တည်ငြိမ်နေပြီး နိုင်ပွဲတွေ ပြန်လည်ရယူနိုင်နေတာကို တွေ့ရပါတယ်။ De Rossi, Džeko, Salah တို့က စီးရီးအေမှာ ကောင်းမွန်တဲ့ စုဖွဲ့မှုကိုပြနေပေမယ့် ဘာစီလိုနာကွင်းလယ်ကို မယှဉ်နိုင်လောက်ဘူး။ ဘာစီလိုနာမှာတော့ MSN အတွဲကကြောက်စရာပုံစံကိုပြနေတယ်။ အရင်နှစ်ကလိုပဲ ဘာစီလိုနာက တည်ငြိမ်နေသေးတယ်။ ရိုးမားက အပြောင်းအလဲများနေပြီး ပြန်အထိုင်ကျအောင် လုပ်နေတယ်။ ခြေစွမ်းကမဆိုးပေမယ့် ဘာစီလိုနာကိုတော့ မယှဉ်နိုင်လောက်ပါဘူး။ ထိပ်တိုက်တွေ့ဆုံထားမှုမှာတော့ ရိုးမားကအသာရထားတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ ဘောလုံးဘုရင်လို ဖြစ်နေတဲ့ ဘာစီလိုနာကို မယှဉ်နိုင်လောက်ပါဘူး။ ဘာစီလိုနာ နှစ်ဂိုးအထက် သွင်းပြပါလိမ့်မယ်။

နောက်တစ်ပွဲက အုပ်စု (F)ရဲ့ ခရိုအေးရှားချန်ပီယံ ဒိုင်နမိုဇာဂရက်နဲ့ အင်္ဂလန်ကလပ်အာဆင်နယ်တို့ ကစားမယ့်ပွဲစဉ်ပါ။   ဒိုင်နမိုဇာဂရက်ဟာ သူတို့ရဲ့ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ရှုံးပွဲမရှိ စံချိန်တင်ထားတယ်။ ဒါပေမယ့် သူတို့နိုင်ငံမှာ ရလဒ်ကောင်းနေပေမယ့် ချန်ပီယံလိဂ်ဆို အုပ်စုကနေ မတက်ဖူးသေးဘူး။
အခုသူတို့ရင်ဆိုင်ရတာကလည်း အာဆင်နယ်ပါ။ အာဆင်နယ်က ပရိးမီးယားလိဂ်မှာ ခြေစွမ်းပြန်ငြိမ်လာပါတယ်။ ရှေ့တန်းကတော့ ဂိုးသွင်းခွင့်တွေကို တအားဖြုန်းနေတာကတော့ စိတ်ပျက်စရာပါ။ နောက်တန်းကတော့ အခုနောက်ပိုင်းတည်ငြိမ်နေပါတယ်။ Coquelin, Ramsey; Oxlade-Chamberlain, Özil, Alexis Sánchez တို့ရဲ့ ကွင်းလယ်ကတော့ တာဝန်ကျေနေတယ်။ ဖန်တီးမှုအားကောင်းနေတယ်။ Carzola ပါလာရင်ပိုအလုပ်ဖြစ်တတ်တယ်။ ကွင်းလယ်လူတွေရဲ့ ဖန်တီးမှုတွေနဲ့ တိုက်စစ်က အဆုံးသတ်သေချာရင်တော့ အာဆင်နယ်အတွက် နိုင်ပွဲကို ထုဆစ်ပေးပါလိမ့်မယ်။ အာဆင်နယ် နှစ်ဂိုးလောက်နဲ့ ခရိုအေးရှားမြေမှာ အောင်ပွဲခံပါလိမ့်မယ်။

အုပ်စု(G)မှာတော့ ချယ်လ်ဆီးက အစ္စရေးကလပ် မက္ကာဘီတဲလ်အဗစ်တို့ရဲ့ပွဲပါ။ ချယ်လ်ဆီးက ခံစစ်သာမက တစ်သင်းလုံးစွမ်းဆောင်ရည်ကျနေတယ်။ နိုင်လိုစိတ်ပျောက်ဆုံးပြီး ယုံကြည်မှုတွေပျောက်ဆုံးနေသလိုပါပဲ။အားရစရာမရှိပါဘူး။ ခံစစ်က Zouma နဲ့ Terry တော့ဘယ်လိုမှတွဲလို့မရဘူး။ မော်ရင်ဟိုက အဲဗာတန်နဲ့ပွဲမှာ သင်ခန်းစာကောင်းကောင်းရသွားပုံတော့ရှီတယ်။ Terry , Cahill ကိုပြန်တွဲပြီး နောက်ပိုင်းပွဲတွေမှာ လေးနေတဲ့ Ivanovic နေရာမှာ Baba Rahmann ကိုထည့်ထားတယ်။ ဒီခံစစ်ကတော့ အစ္စရေးရှေ့တန်းကိုတော့ထိန်းနိုင်မှာပါ။ Matic နဲ့ Fàbregas တို့ကို အထိုင်ပြန်ထား, ထားတယ်။  Pedro နဲ့ Hazard တို့ကတော့ ဂိုးရအောင် ထိုးဖောက်မှာပါ။ မက္ကာဘီတဲလ်အဗစ် ကလည်း အထိုင်ပျက်နေတဲ့ အသင်းပါ။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချယ်ဆီး နှစ်ဂိုးအထက်နဲ့ နိုင်ပွဲယူပြပါလိမ့်မယ်။

နောက်ထပ်တစ်ပွဲက ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ ဂရိချန်ပီယံ အိုလံပီယာကော့စ်တို့ရဲ့ ပွဲစဉ်ပါ။
နှစ်သင်းလုံးက နိုင်ပွဲဆက်နေကြတဲ့အသင်းတွေပါ။ ဂရိကလပ်တွေနဲ့ တွေ့ရင် ရလဒ်ကောင်းလေ့ရှိတဲ့ ဘိုင်ယန်မြူးနစ် Douglas Costa; Lewandowski, Müller တို့ရဲ့တိုက်စစ်ဆင်မှုတွေနဲ့ ရလဒ်ကောင်းအုံးမှာပါ။ အသင်းကြိးဖြစ်နေပေမယ့် တိုက်စစ်ဆင်မယ်လို့ပြောထားတဲ့ အိုလံပီယာကော့စ်က
 Boateng, Alaba တို့ခံစစ်တန်းကို မထိုးဖောက်နိုင်လောက်ပါဘူး။ နားလည်မှုနဲ့ ပုံစံကောင်းရနေတဲ့ ဘိုင်ယန်က သုံးဂိုးလောက်နဲ့ ဂရိမြေမှာ အောင်ပွဲခံပါလိမ့်မယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment