Powered by Blogger.

မန်ယူနောက်ခံလူ Luke Shaw ခြေထောက် အရိုးကျိုးပြီး ဒဏ်ရာရရှိခဲ့




မန်ယူအသင်းနောက်ခံလူ  Luke Shaw ဟာ ပီအက်စ်ဗွီ နဲ့ ပွဲ မှာရရှိခဲ့တဲ့ ခြေထောက်ကျိုးခဲ့တဲ့ ဒဏ်ရာကြောင့်  မန်ချက်စတာမြို့မှာ ခွဲစိတ်မှုခံယူရတော့မှာဖြစ်တယ်လို့ အသင်းကအတည်ပြုခဲ့ပါတယ်။

Luke Shaw ဟာ ပီအက်စ်ဗွီ နောက်ခံလူ  Hector Moreno ရဲ့ ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့မှုကြောင့် ဒီဒဏ်ရာကိုရခြဲ့ပီး ကွင်းထဲကနေ အောက်ဆီဂျင်ပေးပြီး သယ်ထုတ်ခဲ့ရပြီး ပွဲကိုလည်းဆယ်မိနစ်လောက် ရပ်နားခဲ့တယ်လို့ သိရပါတယ်။

ဒီလိုဒဏ်ရာရခဲ့တဲ့ Luke Shaw ကို တခြားနောက်ခံလူ Marcos Rojo နဲ့လူစားလဲခဲ့ပါသေးတယ်။

Luke Shaw ဟာ မန်ယူအသင်းရဲ့ အဓိက နောက်ခံကစားသမားဖြစ်ပြီး ယခုရာသီမှာ ပွဲတိုင်းကို ပွဲထွက်ခွင့်ရထားပါတယ်။ သူဟာ မန်ယူအသင်းမှာကစားခွင့်ရတဲ့ ပထမရာသီမှာလည်း ဒဏ်ရာပြသနာတွေနဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။

ဒါ့အပြင်  Luke Shaw ဟာ အင်္ဂလန်အသင်းအတွက်လည်း အားထားရသူဖြစ်တာကြောင့်  သူ့ရဲ့ ဒဏ်ရာဟာ နိုင်ငံ ရော ကလပ်အသင်းအတွက်ပါ ထိုးနှက်ချက်တစ်ခုဖြစ်လာတယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment