မန်ယူအသင်းမှာ နေရာရဖို့ ကြိုးစားရဦးမယ်လို့ Schneiderlin ဆို
မန်ချက်စတာ ယူနိုက်တက် အသင်းကို ဒီလ အစောပိုင်းတုန်းကမှ စတာလင်ပေါင် ၂၄ သန်း နဲ့ ပြောင်းရွှေ့လာတဲ့ အလယ်တန်း ကစားသမား Morgan Schneiderlin ဟာ သူ့အနေနဲ့ မန်ယူ အသင်းမှာ နေရာရနိုင်ဖို့အတွက် ကြိုးစားသွားရမှာ ဖြစ်တယ်လို့ ၀န်ခံလိုက်ပါတယ်။
Schneiderlin ဟာ ဒီလ အစောပိုင်းကမှ သူနဲ့ ရှေ့ဆင့်နောက်ဆင့် ရောက်လာတဲ့ Bastian Schweisteiger နဲ့ပတ်သက်ပြီး နေရာရဖို့ ထိပ်တိုက်ရင်ဆိုင်သွားရနိုင်တယ်ဆိုတာကို သိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ပြင်သစ် နိုင်ငံ လက်ရွေးစင် အသင်းရဲ့ ကစားသမား Schneiderlin ဟာ သူ့အနေနဲ့ Bastian Schweisteiger နဲ့ မန်ယူ အသင်းမှာ ရှိနှင့်နေပြီးဖြစ်တဲ့ ကစားသမားဟောင်း Michael Carrick တို့နဲ့ အတူ တွဲဖက်ကစားရမယ်ဆိုရင်တော့ သူ့အနေနဲ့ ပိုမို ခြေစွမ်းပြနိုင်မယ်ဆိုတာကို ယုံကြည်နေပါတယ်။
"Carrick နဲ့ Schweinsteiger တို့ရဲ့ဘေးမှာ ကစားရတာဟာ ကျွန်တော့်အတွက် အထောက်အကူဖြစ်ပါတယ်။ ကျွန်တော်ဟာ သုံးမရ တဲ့ ကုန်ပစ္စည်းမဟုတ်ပါဘူး။ ကျွန်တော့် အသက် ၂၅ နှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်အတွက်တော့ အလယ်အလတ် အသက်အရွယ်မှာပဲ ရှိနေပါသေးတယ်။" လို့ Schneiderlin က ဆိုပါတယ်။
ဒါ့အပြင် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ကလပ် အမေရိက နဲ့ ခြေစမ်းပွဲမှာ ကလပ်အသင်းကို ရောက်ရောက်ချင်း ပွဲဦးထွက် ဂိုးကို သွင်းယူခဲ့တဲ့ Schneiderlin က အလယ်တန်းကနေ ကစားကွက် ဖန်တီးရတာသာ သူ့တာဝန်ဖြစ်ပြီး ဂိုးသွင်းနိုင်ဖို့ကို သူ့ အနေနဲ့ အားမသန်ဘူးလို့ ဆိုထားပါသေးတယ်။
( Mario )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror
0 comments :
Post a Comment